၂၀၂၄၊စက်တင်ဘာလ၊၂၇ရက်
ရန်ကုန်တိုင်းဒေသကြီး၊တိုက်ကြီးမြို့နယ်မှာတောဆင်ရိုင်းတစ်ကောင်ေ-သဆုံးခဲ့တယ်လို့ Human_Elephant Peaceအဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ သနပ်ချောင်းကျေးရွာမှာစက်တင်ဘာလ(၂၃)ရက်နေ့က
နည်းစနစ်မှားသော(အင်ဗာတာသုံး)လျှပ်စစ်ခြံစည်းရိုးကြောင့် တောဆင်(အသက်ခန့်မှန်း ၁၉နှစ်)တစ်ကောင်ေ-သဆုံးခဲ့ခြင်းဖြစ်ပေါ်ခဲ့ရတာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
တိုက်ကြီးသစ်တောဦးစီးဌာနနဲ့အတူ GBP(Grow Back For Posterity) အဖွဲ့တို့ပူးပေါင်းပြီး ပညာပေးဟောပြောတာတွေ၊ နည်းစနစ်မှန်ကန်တဲ့လျှပ်စစ်ခြံစည်းရိုး တပ်ဆင်နည်းပညာတွေကိုမျှဝေခဲ့တယ်လို့ဆိုပါတယ်။