တိရစ္ဆာန်လေးတွေရဲ့နောက်ဆုံးလဲလျောင်းရာ အေးချမ်းဆိတ်ငြိမ် သုသာန်မြေ (သို့မဟုတ်) တိချစ်သူတွေရဲ့ချစ်ခြင်းမေတ္တာတွေကို သိမ်းဆည်းပေးထားတဲ့ ကွန်းခိုရာ
———————
မြေး ၁၈ ယောက်ကို လုပ်ကျွေးလို့နေတဲ့ စဏ္ဍာလ သုသာန်စောင့်အဖွား ဒေါ်ခင်သန်းဦး ကိုတော့ အားလုံး သိရှိနေပြီးသား ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ မသိရှိနိုင်သေးတဲ့ အကြောင်းအရာတစ်ခုကတော့ ဒီအဖွားဟာ တိချစ်သူတွေရဲ့အိမ်မွေးတိရစ္ဆာန်သင်္ချိုင်းလေးကိုလည်း တတ်နိုင်သမျှ ထိန်းသိမ်းစောင့်ရှောက်ပေးနေသူဖြစ်တယ်ဆိုတာပါပဲ။ အကြောင်းကြောင်းတွေကြောင့် တိရစ္ဆာန်သင်္ချိုင်းလေးတွေထဲမှာ တိရစ္ဆာန်လေးတွေကို သွားရောက်မြေမြှုပ်ခွင့်တွေ၊ အုတ်ဂူဆောက်လုပ်ခွင့်တွေတော့ မရရှိနိုင်တော့ပါဘူး။ ၂၀၁၄ ခုနှစ်ကတည်းက တိရစ္ဆာန်သင်္ချိုင်း Pet Cemetery စတင်ဖြစ်တည်လာခဲ့တာဖြစ်ပြီး အခု ရပ်နားလိုက်ချိန်မှာတောင် အိမ်မွေးတိရစ္ဆာန်လေးပေါင်း ၅၀၀ လောက်ရဲ့အုတ်ဂူတွေ၊ မြေနေရာတွေ ရှိလို့နေပါတယ်။ ဒီနေရာလေးမှာ အိမ်မွေးတိရစ္ဆာန်လေးတွေကို သွားရောက်မြှုပ်နှံတာတွေ၊ အုတ်ဂူဆောက်လုပ်တာတွေ လုပ်ခွင့် မရှိတော့ပေမယ့် ဒီသင်္ချိုင်းနေရာလေး ဖြစ်တည်လာပုံ၊ ဒီသင်္ချိုင်းနေရာလေး တည်ရှိနေပုံက စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။ အဖွား ဒေါ်ခင်သန်းဦးရဲ့ပြောပြချက်အရ ပျဉ်ထောင်ကျောင်းသုသာန်နေရာဟာ နှစ်ပေါင်း ရာနဲ့ချီပြီး အဆက်ဆက် ဖြစ်တည်လာခဲ့တာလို့ သိရပါတယ်။ စိတ်ဝင်စားစရာကောင်းလှတဲ့ Pet Cemetery တိရစ္ဆာန်သင်္ချိုင်းနေရာလေး တည်ရှိလာပုံနဲ့ အခုအချိန်မှာတော့ ဒီနေရာလေးမှာ အကြောင်းကြောင်းတွေကြောင့် တိရစ္ဆာန်လေးတွေ မြှုပ်နှံခွင့်ကို ရပ်ဆိုင်းထားလိုက်ရပြီဆိုတဲ့အကြောင်းတွေကိုလည်း အဖွား ဒေါ်ခင်သန်းဦးက သေသေချာချာ ဂဃနဏ ရှင်းပြပါတယ်။ တိချစ်သူတွေရဲ့တိရစ္ဆာန်လေးတွေ နောက်ဆုံးလဲလျောင်းရာ Pet Cemetery တိရစ္ဆာန်သင်္ချိုင်းနေရာလေးအကြောင်းကို Mercury Variety ပရိသတ်တွေ သိရှိနိုင်စေဖို့အတွက် တင်ဆက်ပေးလိုက်ပါတယ်။ #MercuryVariety #MV #MercuryExclusiveInterview #MercuryLifeProgram #PetCemetery #တိချစ်သူများ #DawKhinThanOo #ဒေါ်ခင်သန်းဦး #သင်္ချိုင်းနေရာ #တိရစ္ဆာန် #ပျဉ်ထောင်ကျောင်းသုသာန် #ကွန်းခိုရာ #မြှုပ်နှံ #မြေး၁၈ယောက် #နှစ်ပေါင်းရာချီ #အိမ်မွေးတိရစ္ဆာန် #ထိန်းသိမ်းစောင့်ရှောက် #သန်လျင် #ပျဉ်ထောင်ကျောင်း #Yangon #Myanmar