တာရာမင်းဝေရဲ့လိုက်မမီနိုင်လောက်တဲ့ အောင်မြင်မှုတွေနဲ့ နောက်ဆုံးမှာ အရက်က လူကို နိုင်သွားလို့ ဘဝဆုံးပါးသွားခဲ့ရပုံတွေကို ပြည့်ပြည့်စုံစုံ ပြောပြခဲ့တဲ့ ကဗျာဆရာ သစ္စာနီ
—————
“သူ(တာရာမင်းဝေ) က တကယ့်ကို လူတော်ပါ။ သူ့ကို အခုအချိန်ထိ ရင်ထဲမှာ တသတယ်ဆိုတာက လွမ်းတဲ့စိတ်က တစ်ဝက်ပေါ့လေ။ များများ သတိရမိတာက နှမျောတာပါပဲ။ သူ အရင်က အရက် လုံးဝ မသောက်တတ်ဘူး။ အပေါင်းအသင်းတွေစုပြီး သွားသောက်ကြမယ်ဆိုရင် သူနဲ့ကိုယ်နဲ့က အချိုရည်ပဲ သောက်တယ်။ ကျန်တဲ့သူတွေကတော့ အရက်သောက်ကြတယ်ပေါ့လေ။ နောက်ပိုင်း သူသောက်တတ်သွားတဲ့အခါကျတော့ သူ့ကို ဘေးလူကတောင် မမီတော့ဘူး။ နောက်တော့ မိုးလင်းကနေ စသောက်တဲ့အထိ တော်တော်ကြီးကို အခြေအနေ ဆိုးသွားတယ်။ အချိန်မရွေး သောက်တာမျိုးဖြစ်သွားတယ်။ အဲ့ဒီနောက်ပိုင်း ကိုယ်တို့ဆီကို သူ အသွားအလာ ကျဲသွားတယ်။ ကိုယ်တွေက အရက်သောက်တာ မကြိုက်တော့ သူ သောက်လာရင် ပြောတယ်လေ။ သူ ဆေးရုံ နှစ်ကြိမ် တက်လိုက်ရတယ်။ သူက နောက်ပိုင်းမှာ ထမင်းလည်း မစားတော့ဘူး။ အစာအာဟာရကို အဓိက မထားတော့ဘူး။ အရက်ပဲ အဓိကထားတာမျိုး ဖြစ်သွားတယ်။ နောက်ဆုံးမှာ အရက်က သူ့ကို နိုင်တဲ့အဆင့် ရောက်သွားတယ်” – သစ္စာနီ(ကဗျာဆရာ)
#MercuryVariety #MV #MercuryExclusiveInterview #ExclusiveInterview #MercuryPoetry #Poetry #Poet #TaryarMinnWai #Celebrity #ThitsarNi #သစ္စာနီ #တာရာမင်းဝေ #ကဗျာဆရာ #အောင်မြင်မှု #ဘဝအနိမ့်အမြင့် #Yangon #Myanmar