တရုတ်နိုင်ငံတကာဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်မှုအေဂျင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ Mr. Li Ming က မြန်မာနိုင်ငံအစိုးရရဲ့ တောင်းဆိုချက်အရ တရုတ်အစိုးရဟာ ယွမ်ငွေ ၁ ဘီလီယံ အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေးအကူအညီကို ထပ်မံပံ့ပိုးပေးသွားမယ်လို့ ထုတ်ပြန်ပါတယ်။
တရုတ်အစိုးရရဲ့ ထောက်ပံ့ငွေနဲ့ လောင်စာဆီ၊ Plank House၊ ခွဲစိတ်ခန်း၊ ဆေးဝါးနဲ့ ကာကွယ်ဆေးအပြင်အရေးတကြီးလိုအပ်နေတဲ့ ကျန်းမာရေးနဲ့ ရောဂါကာကွယ်ရေးဆိုင်ရာ ကျွမ်းကျင်အဖွဲ့ များကို မြန်မာနိုင်ငံကို စေလွတ်ပေးမယ်လို့ သိရပါတယ်။
ဒါ့အပြင် တရုတ်နိုင်ငံကနေ ဘေးအန္တရာယ် အကဲဖြတ်ရေးအဖွဲ့ တွေကို ငလျင်ဒဏ်ခံစားခဲ့ရတဲ့ ဒေသတွေဆီ စေလွှတ်ပြီး ပြန်လည်ထူထောင်ရေးနဲ့ ဘေးအန္တရာယ် ကာကွယ်လျှော့ချရေး လုပ်ငန်းစဉ်များ ရေးဆွဲရာတွင် ပံ့ပိုးကူညီပေးသွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ထုတ်ပြန်ပါတယ်။
ငလျင်ကြောင့် ပျက်စီးဆုံးရှုံးထားတဲ့ မြန်မာ့ရှေးဟောင်းအမွေအနှစ် တွေကို စစ်ဆေးပြုပြင်နိုင်ဖို့လည်း တရုတ်အစိုးရကနေ ယဉ်ကျေးမှုအမွေအနှစ်နဲ့ အဆောက်အဦးဆိုင်ရာ စစ်ဆေးရေးအဖွဲ့များ စေလွှတ်ပြီး ပျက်စီးသွားတဲ့ ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများ၊ အဆောက်အဦးများကို စစ်ဆေးအကဲဖြတ်ခြင်း၊ ခိုင်ခံ့မှုစမ်းသပ်ခြင်းနဲ့ ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။
တရုတ်အစိုးရဟာ မြန်မာနိုင်ငံ ငလျင်ဘေးအတွက် အကူအညီတွေကို အများဆုံးထောက်ပံ့ပေးနေတဲ့နိုင်ငံဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းမှာဘဲ အကူအညီအထောက်အပံ့တွေဟာ ငါးကြိမ်မြောက် မြန်မာနိုင်ငံဆီရောက်ထားခဲ့ပါတယ်။
#mercury#mercurynews#myanmar#china#ငလျင်#အကူအညီ