၂၀၂၄ခုနှစ်သြဂုတ်(၁၃)ရက်
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ဖို့အတွက် သံအမတ် အသစ်အဖြစ်ခန့်အပ်ခံရတဲ့ Ms. Ma Jiaဟာ တာဝန်ထမ်းဆောင်ဖို့အတွက် သြဂုတ်လ(၁၂) ရက် မှာ မြန်မာနိုင်ငံကိုရောက်ရှိလာပြီဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးရဲ့ ထုတ်ပြန် ချက်အရ သိရပါတယ်။
သံအမတ်ကြီး Ms. Ma Jia ရောက်ရှိချိန်မှာ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာ လေ့လာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနနဲ့ သံတမန်ရေးရာဦးစီးဌာနမှ တာဝန်ရှိအရာရှိတွေနဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ အဓိကသံတမန်အရာရှိ တွေက လေဆိပ်မှာကြိုဆိုခဲ့ကြ တယ်လို့ဆိုပါတယ်။
Ms. Ma Jia ဟာ ၂၀ ယောက်မြောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဖြစ်ပြီး အာရှနဲ့ အာဆီယံမှာ သံတမန်အတွေ့အကြုံများစွာရှိတဲ့သူတစ်ဦးလည်းဖြစ်တယ်လို့ သိရပါတယ်။