Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

တရုတ်သမ္မတ ရှီကျင့်ဖိန်နှင့် ရုရှားသမ္မတ ပူတင်တို့ ဗီဒီယိုဖြင့် တွေ့ဆုံဆွေးနွေး

၂၀၂၅၊ဇန်နဝါရီလ၊၂၂ရက်

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နဲ့ ရုရှားနိုင်ငံ သမ္မတ ပူတင်တို့ဟာ ဇန်နဝါရီ ၂၁ ရက် ညနေပိုင်းက ပေကျင်းမြို့၊ပြည်သူ့ခန်းမဆောင်မှာ ဗီဒီယိုနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဆင်ဟွာသတင်းဌာနရဲ့ ဖော်ပြချက်အရသိရပါတယ်။

ဆွေးနွေးပွဲမှာ တရုတ်သမ္မတ ရှီကျင့်ဖိန်က တရုတ်-ရုရှား ဆက်ဆံရေးပိုမို ခိုင်မြဲစေဖို့၊နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုကို အတူတကွမြှင့်တင်ဖို့ နဲ့ နိုင်ငံတကာအရေးမှာ တရားမျှတမှုကို အတူတကွ ကာကွယ်ထိန်းသိမ်းသွားကြဖို့ ပြောခဲ့ပါတယ်။

ရုရှားသမ္မတ ပူတင်က ရုရှား-တရုတ် ဆက်ဆံရေး ကိုအထူးအလေးထားပြီး နိုင်ငံတကာရဲ့သက်‌ရောက်မှုကိုလက်ခံမှာမဟုတ်ကြောင်း၊ရုရှားအနေနဲ့ ထိုင်ဝမ်ဟာ တရုတ်ရဲ့ နယ်နမိတ်ခွဲလို့မရတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ်လက်ခံထားလို့ “ထိုင်ဝမ် သီးခြားရပ်တည်ရေး”ရဲ့ ဘယ်ပုံစံကို မဆို ဆန့်ကျင်သွားမယ်လို့ ပြောခဲ့ပါတယ်။

တရုတ်-ရုရှားဆွေးနွေးပွဲကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိအပါအဝင် တရုတ်အစိုးရရဲ့ ထိပ်ပိုင်းခေါင်းဆောင်အချို့လည်း တက်ရောက်ခဲ့ကြပါတယ်။

#mercury#mercurynews#တရုတ်#ရုရှား#နိုင်ငံတကာသတင်း

лªÉçÕÕƬ£¬±±¾©£¬2025Äê1ÔÂ21ÈÕ 1ÔÂ21ÈÕÏÂÎ磬¹ú¼ÒÖ÷ϯϰ½üƽÔÚ±±¾©ÈËÃñ´ó»áÌÃͬ¶íÂÞ˹×ÜͳÆÕ¾©¾ÙÐÐÊÓƵ»áÎî¡£ лªÉç¼ÇÕß Áõ±ò Éã