၂၀၂၄၊ ဩဂုတ်လ၊၃၀ရက်
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်ဟာ အမေရိကန်နိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်ကို လက်ခံတွေ့ဆုံခဲ့တယ်လို့ ဆင်ဟွာသတင်းဌာနမှာ ဖော်ပြထားပါတယ်။
ဩဂုတ် ၂၉ ရက်၊ပေကျင်းမြို့တော် ပြည်သူ့ခန်းမဆောင်ကြီးမှာ လက်ခံတွေ့ဆုံခဲ့တာဖြစ်တယ်လို့သိရပါတယ်။
အဲ့ဒီတွေ့ဆုံမှုကနေ နှစ်နိုင်ငံနားလည်မှု ပိုရလာဖို့ ၊နိုင်ငံတကာအရေးတွေမှာ အတူတကွပူးပေါင်းဆောင်ရွှက်နိုင်ဖို့နဲ့ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်နိုင်ဖို့ အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ တရုတ်နိုင်ငံပြန်ကြားရေးက ထုတ်ပြန်ပါတယ်။