Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

တရုတ်နိုင်ငံထုတ်EV Expressယာဉ်များစက်တင်ဘာလအကုန်မှာစတင်ပြေးဆွဲမည်ဟုရာဇာမင်း ယာဉ်လိုင်းကထုတ်ပြန်

——————————————-

၂၀၂၄ခုနှစ်၊ဩဂုတ်လ၊(၂၇)ရက်

တရုတ်နိုင်ငံထုတ်EV Expressယာဉ်များစက်တင်ဘာလကုန်မှာစတင်ပြေးဆွဲသွားမှာဖြစ်တယ်လို့ ရာဇာမင်း ကုမ္ပဏီကထုတ်ပြန်ထားပါတယ်။

တရုတ်နိုင်ငံကတင်သွင်းထားတဲ့ YUTONG အမျိုးအစားT13E Model EV လျှပ်စစ် ကားသစ်ကြီးတွေ တရုတ်နိုင်ငံ ဆိပ်ကမ်းကနေစတင်ထွက်ခွာလာပြီဖြစ်တယ်လို့ ရာဇာမင်းကုမ္ပဏီရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

EV Expressခရီးစဉ်တွေကို စက်တင်ဘာလအကုန်မှာ စတင်ပြေးဆွဲမှာဖြစ်ပြီး ရန်ကုန်-မန္တလေး၊ ရန်ကုန်-နေပြည်တော်ကိုပြေးဆွဲမှာဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။

အခုလို EV Expressယာဉ် ပြေးဆွဲ တာဟာ စီးနှင်းသူ ခရီးသည်တွေ ပိုမိုသက်သောင့် သက်သာရှိစေဖို့နဲ့ Eco Friendly ဖြစ်ပြီး သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကို လျှော့ချပေးရန်ရည်ရွယ်တယ်လို့ ဆိုပါတယ်။