၂၀၂၄၊ဩဂုတ်လ၊၂၇ရက်
ဂျပန်နိုင်ငံပိုင် လေပိုင်နက်ထဲ ကျူးကျော်ဝင်ရောက်လာတဲ့ တရုတ်စစ်ဘက်လေယာဥ်တစ်စင်းကို ဂျပန်ဘက်က တိုက်ခိုက်ရေးဂျက်လေယာဥ်တွေနဲ့ သတိပေးနှင်ထုတ်ခဲ့တယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဩဂုတ်လ ၂၆ရက်နေ့မှာ ဂျပန်နိုင်ငံ ဒန်ဂျို ကျွန်းစုလေပိုင်နက်ထဲကို တရုတ်စစ်လေယာဥ်ကျူးကျော် ဝင်ရောက်လာတာကြောင့်အရေးပေါ်အခြေအနေ အဖြစ် တိုက်လေယာဥ်တွေကို စေလွှတ်နှင်ထုတ်ခဲ့ရတယ်လို့လည်း ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာနကပြောထားပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဂျပန်နိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Masataka Okana က ဂျပန်ဆိုင်ရာ တရုတ်ယာယီသံအမတ်ကို တနင်္လာနေ့နှောင်းပိုင်းကဆင့်ခေါ်ပြီး အလားတူဖြစ်ရပ်မျိုးထပ်မဖြစ်အောင် သတိပေးပြောကြားခဲ့တယ်လို့ နိုင်ငံခြားရေးရုံးရဲ့ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
ဂျပန်နိုင်ငံပိုင် လေပိုင်နက်ထဲ ကျူးကျော်ဝင်ရောက်လာတဲ့ တရုတ်စစ်ဘက်လေယာဥ်နဲ့ပတ်သက်လို့ တရုတ်အာဏာပိုင်တွေဘက်က မှတ်ချက်ပေးပြောဆိုတာမျိုး မရှိသေးဘူးလို့သိရပါတယ်။