၂၀၂၄၊ဇန်နဝါရီလ၊၂ရက်
တရားမဝင် Vpn ဝန်ဆောင်မှု ပြုလုပ်ပါက ထောင်ဒဏ် ၆လ သို့မဟုတ် ဒဏ်ငွေ ကျပ်သိန်း ၁၀၀ ထိ ချနိုင်တဲ့ ဆိုက်ဘာလုံခြုံရေး ဥပဒေကို နစကမှ အတည်ပြုလိုက်ပါတယ်။
အဆိုပါ ဉပဒေအရ မြန်မာနိုင်ငံအတွင်းမှနေပြီး တရားမဝင်တဲ့ VPNတွေကို တည်ထောင်တာ ဒါမှမဟုတ် အခကြေးငွေ ယူပြီး ဝန်ဆောင်မှု ပေးခဲ့ရင် ထောင်ဒဏ် ၆လ သို့မဟုတ် ဒဏ်ငွေ ကျပ်သိန်း ၁၀၀ ဖြစ်စေ အဆိုပါဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် ခွင့်ပြုချက်မရှိဘဲ အွန်လိုင်းလောင်းကစားကို တည်ထောင်တာမျိုးအတွက် အနည်းဆုံး ခြောက်လ မှ အများဆုံး တစ်နှစ်ထိထောင်ဒဏ်၊ ကျပ်သိန်း ငါးဆယ် မှ ကျပ်သိန်း နှစ်ရာ ထက်မပိုတဲ့ ငွေဒဏ်၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်နိုင်ကြောင်းတွေပါ ပါဝင်လာတာကို တွေ့ရပါတယ်။
No insights to show
Boost a post