Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

တရားမဝင် ဝင်ရောက်လာတဲ့ ရိုဟင်ဂျာ ၁သန်းကျော်ကို ဆက်ပြီးလက်ခံထားမယ် လို့ ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရ အတည်ပြု

၂၀၂၄ ဩဂုတ်လ ၁၉ရက်

မြန်မာနိုင်ငံကနေ တရားမဝင် ဝင်ရောက်လာတဲ့ ရိုဟင်ဂျာ၁သန်းကျော် ကို ဆက်ပြီးလက်ခံပံ့ပိုး ပေးထားမှာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရ ခေါင်းဆောင် မိုဟာမက်ယူနွတ်က အတည်ပြုလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ အစိုးရအပြောင်းအလဲ ဖြစ်ခဲ့သည့်တိုင်အောင် မြန်မာဘက်ကဝင်ရောက်လာတဲ့ ရိုဟင်ဂျာတွေကို ဆက်ပြီးလက်ခံထားမှာဖြစ်တယ်လို့ ကြားဖြတ်အစိုးရ ခေါင်းဆောင် မိုဟာမက်ယူနွတ်ကထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

၂၀၁၆ခုနှစ်၊၂၀၁၇ခုနှစ် ရခိုင်ပြည်နယ် ၊နယ်မြေရှင်းလင်းရေးတွေမှ စတင်ပြီး မြန်မာနိုင်ငံရဲ့ မငြိမ်သက်သေးတဲ့ အခြေအနေတွေကြောင့် ရိုဟင်ဂျာလူမျိုးအများအပြားဟာအိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံနေကြရတာဖြစ်ပါတယ်။

Prof Muhammad Yunus also recipient of the US Presidential Medal of Freedom and the Congressional Gold Medal