ထိုင်းနိုင်ငံဆီကို တရားမဝင် ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသားတွေကို များပြားလာလို့ အဲ့ဒီမြန်မာနိုင်ငံသားတွေကို ဥပဒေအရ အရေးယူသွားမှာဖြစ်တယ်လို့ ထိုင်းဝန်ကြီးချုပ် ဆရက်ထာ ထာဗီဆင်က သတိပေးလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို ဧပြီလကစပြီး ကျင့်သုံးတော့မှာဖြစ်တယ်လို့ ကြေညာလိုက်ပြီးတဲ့နောက် ထိုင်းနိုင်ငံထဲကိုဝင်ရောက်ဖို့အတွက် ဗီဇာလျှောက်ထားသူဦးရေ အရမ်းကို များပြားမြင့်တက်လာချိန်မှာ ထိုင်းဝန်ကြီးချုပ်က အခုလိုပြောလိုက်တာဖြစ်ပါတယ်။
ထိုင်းနိုင်ငံထဲကို တရားဝင် ဝင်ရောက်လာတဲ့သူကိုသာ ကြိုဆိုတော့မှာဖြစ်ပြီး ထိုင်းနိုင်ငံထဲဆီ တရားမဝင် ဝင်ရောက်လာတယ်ဆိုရင်တော့ ဥပဒေအရ အရေးယူဖို့ လုံခြုံရေးအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးထားပြီးပြီလို့ ထိုင်းဝန်ကြီးချုပ်က ဆက်လက် အသိပေးခဲ့ပါတယ်။
စစ်မှုထမ်းဥပေဒကို ရှောင်ရှားဖို့အတွက် မြန်မာနိုင်ငံသားတွေ ဗီဇာလာလျှောက်တာ အရမ်းများလာလို့ ရန်ကုန်မြို့မှာရှိတဲ့ ထိုင်းသံရုံးက တစ်ရက်ကို ဗီဇာလျှောက်ထားသူ ၄၀၀ ကိုသာ လက်ခံတော့မှာဖြစ်တယ်လို့ ထုတ်ပြန်ကြေညာထားပြီလည်း ဖြစ်ပါတယ်။