တယော ဦးတင်ရီရဲ့ဇနီးသည် ဒေါ်အေးအေးထိန် (သို့) ခင်ပွန်းဖြစ်သူ တယောဦးတင်ရီရဲ့ပညာအမွေကို ဆက်ခံပြီး တယောထိုးသင်တန်းမှာ ကလေးတွေကို ပညာ လက်ဆင့်ကမ်းသင်ကြားပေးနေသူ
————————-
ဒီနေ့မှာတော့ မြန်မာ့ဂီတလောကမှာ တယောပညာရှင်အဖြစ် နာမည်ကြီးခဲ့တဲ့ တယော ဦးတင်ရီရဲ့ဇနီးသည် ဒေါ်အေးအေးထိန်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒေါ်အေးအေးထိန်ဟာ ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ ခင်ပွန်းဖြစ်သူ တယောဦးတင်ရီရဲ့ပညာအမွေကို သင်ကြားဆက်ခံထားခဲ့သူပါ။ လက်ရှိမှာတော့ တယောထိုးသင်တန်းမှာ ကလေးတွေကို ပညာလက်ဆင့်ကမ်းသင်ကြားပေးရင်း ဒေါ်အေးအေးထိန်က ဘဝကို ဖြတ်သန်းနေပါတယ်။ ခင်ပွန်းသည်ဖြစ်တဲ့ တယော ဦးတင်ရီနဲ့ ဘဝဖြတ်သန်းခဲ့မှုအမှတ်တရတွေ၊ မမေ့နိုင်စရာအဖြစ်အပျက်တွေကိုလည်း ဒေါ်အေးအေးထိန်က ရင်ဖွင့်ပြောပြခဲ့ပါတယ်။ တယော ဦးတင်ရီနဲ့ ဇနီးသည် ဒေါ်အေးအေးထိန်တို့ဟာ ဘဝကို သုညကနေစပြီး ရုန်းကန်ခဲ့ရသူတွေပါ။ နယ်မှာ သွားဖျော်ဖြေစဉ်အခိုက် စင်ပေါ်ကနေ ပြုတ်မကျဘဲ ကံကောင်းထောက်မပြီး စင်ပေါ်က ပုခက်သဖွယ်ဖြစ်နေတဲ့ လိုက်ကာခန်းဆီးစလေးမှာ တင်ကျန်နေရစ်ခဲ့စဉ်အခိုက်မှာတောင် ခင်ပွန်းဖြစ်သူ ဦးတင်ရီက တယောကို လုံးဝ မထိခိုက်ရလေအောင် လက်နဲ့ကိုင်မြှောက်ထားတဲ့အထိ တယောကို ချစ်မြတ်နိုးသူဖြစ်တဲ့အကြောင်းလည်း ဒေါ်အေးအေးထိန်က ပြောပြပါတယ်။ တယော ဦးတင်ရီရဲ့ဇနီးသည် ဒေါ်အေးအေးထိန်ရဲ့ဘဝဖြတ်သန်းမှုဟာ စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေတဲ့အတွက် Mercury Variety ပရိသတ်တွေအတွက် တင်ဆက်ဖော်ပြပေးလိုက်ပါတယ်။
#MercuryVariety #MV #MercuryExclusiveInterview #MercuryLifeStory #တယောဦးတင်ရီ #VoilinUTinYi #Violin #ဦးတင်ရီ #Violin #ဦးတင်ရီရဲ့ဇနီး #Wife #ဇနီး #DawAyeAyeHtain #ဒေါ်အေးအေးထိန် #တယောသင်တန်း #ViolinClass #Class #သင်တန်း #ပညာအမွေ #လက်ဆင့်ကမ်း #LifeStory #Yangon #Myanmar