Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

တနိုင်းမြို့အနီး အင်အား (၄.၀)အဆင့်ရှိ ငလျင်လှုပ်

—————————————

၂၀၂၄ခုနှစ်၊အောက်တိုဘာလ၊(၁၄)ရက်

ကချင်ပြည်နယ်၊တနိုင်းမြို့အနီး အင်အားရစ်(ခ်) တာစကေး (၄.၀)အဆင့်ရှိ ငလျင်လှုပ်ခတ်သွားတယ်လို့ ‌မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊မြေငလျင်ဌာနခွဲမှသိရပါတယ်။

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၃)နာရီ၊ (၃၂)မိနစ်၊ (၃၆) စက္ကန့် အချိန်တွင်လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။

မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက် မြောက်ဘက် (၅၅)မိုင်ခန့် ကွာဝေးတဲ့မြန်မာနိုင်ငံပြည်တွင်း (တနိုင်းမြို့ရဲ့ အရှေ့တောင်ဘက် (၁၉) မိုင်ခန့် အကွာ)၊ မြောက်လတ္တီ တွဒ် (၂၆.၁၂) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၈၈)ဒီဂရီ၊ အနက် (၁၁)ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်) တာစကေး (၄.၀)အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ရှား သွားတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အခုရက်ပိုင်းမှာ ဒေသအချို့မှာ မြေငလျင်ငယ်နဲ့အင်အားအသင့်အတင့်ရှိတဲ့ ငလျင်တွေဆက်တိုက်ခတ်မှုတွေရှိနေတယ်လို့ သိရပါတယ်။