၂၀၂၄၊ဒီဇင်ဘာလ၊၁၃ရက်
၂၀၂၄ခုနှစ် ရဲ့ တနှစ်တာ အထူးခြားဆုံးလူအဖြစ် အမေရိကန် ရွေးကောက်ခံ သမ္မတ ဒေါ်နယ် ထရမ့်ကိုTimesမဂ္ဂဇင်းက ရွေးချယ်လိုက်ပါတယ်။
NBC ရုပ်မြင်သံကြားရဲ့ ကြာသပတေးနေ့မနက် Todays Showမှာ Timesအယ်ဒီတာချုပ် Sam Jacobs က ခုလို ရွေးချယ်လိုက်ကြောင်း ကြေညာလိုက်တာ ဖြစ်ပါတယ်။
ထရမ့် ဟာ Timesမဂ္ဂဇင်းရဲ့ ၂၀၁၆ နှစ် တနှစ်တာ အထူးခြားဆုံးလူ လည်း ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်ရဲ့အထူးခြားဆုံးလူ ရွေးချယ်ရာမှာ ဒုတိယသမ္မတ ကင်မ်မလာ ဟဲရစ်စ်၊ X လူမှု စာမျက်နှာပိုင်ရှင် အီလွန် မာ့က်စ်၊ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေသန်ယာဟုနဲ့ ဝေလ မင်းသမီး ကိတ် တို့ကဆန်ကာတင် စာရင်းထဲထိပါဝင်ခဲ့ပေမယ့် ဒေါ်နယ် ထရမ့်ကို ဘဲ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။
ရွေးကောက်ခံ သမ္မတ ဒေါ်နယ် ထရမ့် ဟာ Timesမဂ္ဂဇင်းရဲ့ ၂၀၁၆ နှစ် တနှစ်တာ အထူးခြားဆုံးလူအဖြစ်လည်း သတ်မှတ်ခံခဲ့ရပါတယ်။