Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

တစ်ချိန်က ဇာတ်ပို့သရုပ်ဆောင်၊ အခုတော့ လက်ဖက်နဲ့ အကြော်စုံ ရောင်းနေသူ ဒေါ်မြင့်မြင့်စန်း

တစ်ချိန်က ဇာတ်ပို့သရုပ်ဆောင်၊ အခုတော့ မိသားစုစားဝတ်နေရေးကျပ်တည်းလို့ လက်ဖက်နဲ့ အကြော်စုံ ရောင်းချစားသောက်နေရသူ ဒေါ်မြင့်မြင့်စန်း ——————– ဒေါ်မြင့်မြင့်စန်းဟာ တစ်ချိန်တစ်ခါတုန်းက ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်အဖြစ် ဘဝကို ဖြတ်သန်းခဲ့သူဖြစ်ပါတယ်။ မမြင့်မြင့်စန်းရဲ့အစ်မဖြစ်သူ မကြူဟာ ပရိသတ်တွေရင်းနှီးပြီးသား ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်ဖြစ်သလို ညီအစ်မနှစ်ယောက်က ရုပ်ချင်းလည်း အတော့်ကို ဆင်တူပါတယ်။ ဒေါ်မြင့်မြင့်စန်းဟာ သူ့အစ်မရဲ့အချိတ်အဆက်နဲ့ ဇာတ်ပို့သရုပ်ဆောင်လောကထဲကို ဝင်ရောက်ခွင့်ရရှိခဲ့သူပါ။ အခုအချိန်မှာတော့ သူမရဲ့အစ်မဖြစ်သူ မကြူက ကိုဗစ်ရဲ့တတိယလှိုင်းထဲမှာ တိမ်းပါးသွားခဲ့တဲ့အတွက် မိသားစုရပ်တည်နိုင်အောင် ဒေါ်မြင့်မြင့်စန်းက လက်ဖက်၊ အကြော်စုံနဲ့ ကုန်စိမ်းလေးတွေ ရောင်းချပြီး ရုန်းကန်ပေးနေရပါတယ်။ မကြူရဲ့သမီးလေးနှစ်ယောက်အနက် အငယ်ဖြစ်သူလေးက မကြာခင်ကမှ အလုပ်ရရှိခဲ့ပြီး အကြီးလေးကတော့ အိမ်ထောင်ရက်သားကျနေပြီဖြစ်ပါတယ်။ အိမ်ထောင်ရှင် တူမအကြီးလေးကလည်း အခုကာလမှာ အကျပ်အတည်းတွေရှိနေလို့ တတ်နိုင်သမျှ ကူညီပေးရတာလေးတွေတော့ရှိကြောင်း ဒေါ်မြင့်မြင့်စန်းက ရင်ဖွင့်ပါတယ်။ ကျပ်တည်းတဲ့ကာလဖြစ်ပေမယ့် မကြူ အသက်ရှိစဉ်ကာလကထက် အခုအချိန်မှာ ပိုကျပ်တည်းတယ်လို့ ဒေါ်မြင့်မြင့်စန်းက အသိပေးပါတယ်။ ဇာတ်လမ်းလေးတွေ ရိုက်ကူးခွင့်ရမယ်ဆိုရင်လည်း မိသားစုအတွက် အထောက်အပံ့ဖြစ်မှာမို့ ရိုက်ကူးခွင့်ရချင်ပါတယ်လို့ ဒေါ်မြင့်မြင့်စန်းက ပြောပြပါတယ်။ ဒေါ်မြင့်မြင့်စန်းဟာ လက်ဖက်၊ အကြော်စုံနဲ့ ကုန်စိမ်းလေးတွေကို သန်လျင်မြို့က ဘုရားကုန်းဈေးမှာ ရောင်းချနေတာပါ။ တစ်ချိန်တုန်းက ဇာတ်ပို့သရုပ်ဆောင်ဖြစ်ခဲ့ပြီး အခုအချိန်မှာတော့ မိသားစုစားဝတ်နေရေးကျပ်တည်းလို့ လက်ဖက်၊ အကြော်စုံနဲ့ ကုန်စိမ်းလေးတွေ ရောင်းချစားသောက်နေရသူ ဒေါ်မြင့်မြင့်စန်းရဲ့ဘဝဖြတ်သန်းမှုကို Mercury Variety ပရိသတ်တွေအတွက် တင်ဆက်ဖော်ပြပေးလိုက်ပါတယ်။ #MercuryVariety #MV #MercuryExclusiveInterview #ExclusiveInterview #MercuryLifeStory #LifeStory #ဒေါ်မြင့်မြင့်စန်း #မကြူ #ဇာတ်ပို့သရုပ်ဆောင် #မိသားစု #စားဝတ်နေရေး #လက်ဖက် #အကြော်စုံ #ကုန်စိမ်း #သန်လျင် #ဘုရားကုန်းဈေး #Yangon #Myanmar