အနုပညာသမားတွေ သေရင် အဝီစိက ဘုံတစ်ဘုံကို ကျမယ်၊ အဲ့ဒီကနေ လွတ်ဖို့လမ်း မရှိဘူးဆိုတဲ့ တရားကြောင့် အနုပညာလောကကို ကျောခိုင်းခဲ့သူ သရုပ်ဆောင် ထက်ရှား
——————-
“ကျွန်တော်တို့ ဒုဌဝတီမြစ်ဘေးမှာ ကိုလူမင်းတို့၊ မခိုင်တို့နဲ့ ဇာတ်ကားရိုက်နေတုန်း၊ ရိုက်နေတုန်းတန်းလန်းအချိန်မှာ တရားလေးတစ်ပုဒ်ကို နာမိသွားတယ်။ အနုပညာသမားတွေ သေတဲ့အခါကျလို့ရှိရင် အဝီစိပဲပေါ့။ အဲ့တရားလေးကို တကယ့် ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီးတစ်ပါး ဟောတာ။ အဲ့ဒါလေးကို နာမိသွားတယ်။ အဝီစိ ပဲ။ အဝီစိမှာ အနုပညာသမားတွေအတွက် ဘုံတစ်ဘုံ ရှိတယ်။ အဲ့ဒီဘုံကနေ လွတ်ဖို့လမ်း မရှိတော့ဘူး ဆိုတဲ့တရားလေးကို နာလိုက်ရတဲ့အချိန်မှာ တော်တော်ကို ကြောက်သွားတယ်။ အဲ့ဒီလို ကြောက်သွားတဲ့အချိန်ကစပြီးတော့ အနုပညာပြန်လုပ်ဖို့ကို ဘယ်လိုမှ စိတ်ပြန်မွေးလို့ မရတော့တာ။ အနုပညာအလုပ်တွေကို ကျွန်တော် လုံးဝ နားပစ်လိုက်တာ ၁၄ နှစ် ပြည့်တော့မှာပါ။ ကိုယ့်ရဲ့အရမ်းနှစ်သက်ခဲ့တဲ့ အနုပညာအလုပ်ကို ကိုယ့်ရဲ့ယုံကြည်မှုလေးတစ်ခုတည်းနဲ့ ရပ်နားခဲ့တာပါ။ အခု အပြင်စီးပွားရေးပေါ့နော်။ မြေကိစ္စလေးတွေ လုပ်တယ်၊ ကားအရောင်းအဝယ်လေးတွေ လုပ်တယ်၊ အဲ့ဒါလေးတွေ လုပ်နေပါတယ်” – ထက်ရှား(သရုပ်ဆောင်)
#MercuryVariety #MV #MercuryExclusiveInterview #ExclusiveInterview #MercuryLifeStory #LifeStory #HtetSharr #ထက်ရှား #သရုပ်ဆောင် #Acting #Actor #အနုပညာလောက #ဒုဌဝတီမြစ် #တရားနာ #အိမ်ခြံမြေ #ကားအရောင်းအဝယ် #Yangon #Myanmar