“သဘောတူညီမှုလုပ်ထားပြီးသားကို သဘောတူညီမှု မရှိတဲ့ပုံစံမျိုးနဲ့ ဖျက်ခိုင်းတော့လည်း ညီမက ဖျက်ပေးလိုက်ပါတယ်၊ လူကြီးတွေကို ပရော်ဖက်ရှင်နယ်ဆန်ဆန် ခွင့်တောင်းပြီးမှ ညီမက ဒီပရောဂျက်ကို ဖန်တီးခဲ့တာပါ” – Robella Margaret (မိတ်ကပ်ပညာရှင်)
———————-
“အဲ့ဒီနေ့က ဒီကလေးဆီ သွားတွေ့တော့ ညီမရဲ့ Team(အဖွဲ့)က ဒီကလေးကို သဘောကျတဲ့အတွက် ဗီဒီယိုလေးတွေ ဖုန်းနဲ့ အမှတ်တရရိုက်ခဲ့တာလေးတွေ ရှိတယ်။ အဲ့ဒီဗီဒီယိုကို သေချာနားထောင်ရင်တော့ သိပါလိမ့်မယ်။ ညီမတို့က မှတ်တမ်းလေးတစ်ခုအဖြစ် အမှတ်တရလို့ ရိုက်လာခဲ့တာ။ ချစ်လို့၊ တန်ဖိုးထားလို့ Memories လေးတစ်ခုအဖြစ် သိမ်းထားချင်လို့ ရိုက်လာခဲ့တာ။ ကျွန်မက အမှတ်တရလို့ ရိုက်လာခဲ့တာဟာ အခုတော့ မှတ်တမ်းလေးဖြစ်သွားခဲ့ပြီ။ ဒါကြီးက သဘောတူညီမှု ယူထားပြီးသားပါ။ ညီမအနေနဲ့ လူကြီးလူကောင်းဆန်ဆန်၊ လူကြီးတွေကို ပရော်ဖက်ရှင်နယ်ဆန်ဆန် Request(ခွင့်တောင်း)ပြီးမှ ပရောဂျက်ကို ဖန်တီးခဲ့တာပါ။ အခုအချိန်မှ သဘောတူညီမှု မရဘူးဆိုတဲ့ ပုံစံမျိုးကြီးနဲ့ စိတ်ဆိုးမာန်ဆိုးပြောလာပြီး ဖျက်ခိုင်းတာကျတော့ ညီမအနေနဲ့ ဖျက်ပေးလိုက်ပါတယ်။ သဘောတူညီမှုလုပ်ပြီးသားကြီးကို သဘောတူညီမှုမရှိတဲ့ပုံစံမျိုးနဲ့ ဖျက်ခိုင်းတော့ ညီမက ဆိုနီယာကို အားပေးနေတဲ့ လူထုကို အားနာတယ်။ ဒီကလေးဘက်က Stand(ရပ်တည်)နေတဲ့ ပရိသတ်ကို အားနာတယ်။ နှမျောတဲ့စိတ်ကလေး ဖြစ်တယ်။ ရက်ပေါင်း ဒီလောက်ကြာမှ ဖျက်ခိုင်းခဲ့တယ်။ သူတို့က ညီမအကျိုးအမြတ်အတွက် ကလေးကို ခုတုံးမလုပ်ပါနဲ့လို့ ပြောခဲ့တယ်။ ရှေ့မှာ ညီမ ပြောခဲ့ပါတယ်။ ဒီကလေးကို အသုံးချပြီး ညီမ နာမည်မကြီးချင်ပါဘူးဆိုတဲ့စကား ရှိတယ်လေ။ ညီမ အဲ့ဒီစကားကို Respect(လေးစားမှု)ထားပါတယ်။” – Robella Margaret (မိတ်ကပ်ပညာရှင်)
#MercuryVariety #MV #MercuryExclusiveInterview #ExclusiveInterview #MercuryLifeStory #LifeStory #RobellaMargaret #ဆိုနီယာဂျွန် #မိတ်ကပ်ပညာရှင် #SoniaJohn #Photography #NigeriaFootballer #အလှပြင် #Yangon #Myanmar