ဆော်ဒီအာရေဗျကလပ် အယ်လ်ရှာဘတ်အသင်းဟာ မော်ရင်ညိုကို အသင်းနည်းပြအဖြစ် ခန့်အပ်ဖို့ ကမ်းလှမ်းထားလိုက်ပြီလို့ The Mirror သတင်းမီဒီယာက ရေးသားထားပါတယ်။
အယ်လ်ရှာဘတ်နဲ့ မော်ရင်ညိုတို့အကြားမှာ နှုတ်နဲ့သဘောတူညီမှုူ ရထားပြီဖြစ်လို့ အခြေအနေကို စောင့်ကြည့်ရမှာပဲဖြစ်ကြောင်း The Mirror က အသိပေးထားပါတယ်။
အယ်လ်ရှာဘတ် ဟာ လတ်တလောမှာတော့ ဆော်ဒီလိဂ်အမှတ်ပေးဇယားရဲ့အဆင့် ၁၀ နေရာကို ရောက်နေပြီး မော်ရင်ညိုဟာ ဆော်ဒီလိဂ်ဆီကို နည်းပြအဖြစ်နဲ့ ရောက်လာလေမလားဆိုတာက စိတ်ဝင်စားစရာဖြစ်နေပြီလို့ မှတ်ချက်ပေးမှုတွေလည်း ထွက်ပေါ်နေပါတယ်။
မော်ရင်ညိုဟာ ရိုးမားနည်းပြရာထူးက ထုတ်ပယ်ခံလိုက်ရပြီးတဲ့နောက် အနာဂတ်နဲ့ပတ်သက်လို့ ဘာမှတ်ချက်တစ်ခုမှမပေးဘဲ ဆိတ်ငြိမ်နေဆဲဖြစ်ပြီး တချို့သော သတင်းရင်းမြစ်တွေကတော့ နယူးကာဆယ်အသင်းဟာ မော်ရင်ညိုကို သူတို့အသင်းရဲ့နည်းပြအဖြစ် တာဝန်ပေးအပ်ဖို့ အလွန်အမင်း စိတ်အားထက်သန်နေတယ်လို့ ရေးသားနေကြပါတယ်။