———————————————————————–
၂၀၂၅ခုနှစ်၊ဇန်နဝါရီလ၊(၂၇)ရက်
ဆောင်းတွင်းကာလ အခုဇန်နဝါရီလကုန်ပိုင်းမှာ ကချင်ပြည်နယ်နဲ့ရှမ်းပြည်မြောက်ပိုင်းမှာ မိုးအနည်းငယ်ရွာသွန်းနိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်မှ ခန့်မှန်းထားတယ်လို့ သိရပါတယ်။
ဇန်နဝါရီ (၂၇)ရက်မှ(၃၀)ရက်အတွင်း ကချင်ပြည်နယ်၊မြစ်ကြီးနား၊ ပူတာအို၊ ဖားကန့်၊ မိုးကောင်း၊ နောင်မွန်း၊ မချမ်းဘော၊ ချီဖွေ၊ တနိုင်း၊ ဆွမ်ပရာဘွမ်၊ ခေါင်လန်ဖူး၊ ကန်ပိုက်တီး နဲ့ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်၊ လားရှိး၊ မူဆယ် စတဲ့ဒေသတွေမှာ အချိန်အခါမဟုတ်မိုးအနည်းငယ်ရွာနိုင်မယ်လို့ ခန့်မှန်းထား ပါတယ်။
မိုးရွာနိုင်မည့်အခြေအနေက (၂၄) နာရီအတွင်း ၅ မီလီမီတာခန့် (၀.၂ လက်မခန့်)ရွာနိုင်ပြီး၊ ရွာရန်ရာခိုင်နှုန်း ၃၀% မှ ၉၀% ရှိနိုင်တယ်လို့ ဆိုပါတယ်။
ကချင်ပြည်နယ်မြောက်ပိုင်းဒေသတွေမှာ မိုးအနည်းငယ်ပိုနိုင်ပြီး ဇန်နဝါရီ (၃၀) ရက်နေ့မှာ (၂၄) နာရီအတွင်း၊ မိုးအသင့်အတင့်(၃၀ မီလီမီတာနှင့်အထက် – ၁.၂ လက်မ ခန့်)ရွာနိုင်မယ်လို့လဲ တွေ့ရပြီး ကျန်ပြည်နယ်တိုင်းဒေသတွေမှာတော့ အခုမြောက်ပိုင်းဒေသတွေမှာလို မိုးရွာနိုင်မဲ့အခြေအနေမရှိဘူး လို့ သိရပါတယ်။