———————————————————————–
၂၀၂၄ခုနှစ်၊ဒီဇင်ဘာလ၊(၉)ရက်
ဆီးရီးယားသူပုန်တွေက ဒမတ်စကတ်မြို့ကို အပြီးတိုင်သိမ်းပိုက်လိုက်တဲ့အတွက် ဆီးရီးယား သမ္မတအာဆတ်ဟာ ရုရှားနိုင်ငံ၊ မော်စကိုမြို့သို့ထွက်ခွာသွားရပြီး ရုရှားမှာခိုလုံနေရတယ်လို့ သိရပါတယ်။
ဆီးရီးယားသူပုန်တွေရဲ့ထိုးစစ်ကို ရင်ဆိုင်ရာမှာ အာဆတ်နဲ့ သူ့မိသားစုဟာ မော်စကိုမြို့ကို ထွက်ပြေးခဲ့ပြီး နိုင်ငံရေးခိုလှုံခွင့် ပေးခံခဲ့ရတယ်လို့ ရုရှားနိုင်ငံမှ တာဝန်ရှိသူတစ်ဦးက CNN ကို အစောပိုင်းမှာ ပြောကြားခဲ့တယ်လို့ CNN သတင်းဌာနမှာ ဖော်ပြထားပါတယ်။
သမ္မတအာဆတ်ထွက်ခွာသွားပြီးနောက် နောက်ဆက်တွဲသတင်းအနေနဲ့ ဒမတ်စကတ်မြို့ရှိ ဆီးရီးယားသမ္မတအာဆတ်ရဲ့အဓိကနန်းတော်အနီးရှိ ကားဂိုဒေါင်တစ်ခုမှာ သိမ်းဆည်းခံထားရတဲ့ ဆီးရီးယားသမ္မတ ဘာရှာအယ်လ်အာဆတ်ရဲ့ ကားစုဆောင်းမှုကို ပြသနေတဲ့ ဗီဒီယိုဖိုင်ကိုရရှိထားတယ်လို့ CNN သတင်းဌာနမှာ ဖော်ပြထားပါတယ်။
CNN မှ စိစစ်ပြီး စုဆောင်းထားတဲ့ ဗီဒီယိုတစ်ခုမှာ ဒမတ်စကတ် အနောက်ဘက်ရှိ Al-Mazzeh ရပ်ကွက်ရဲ့ မြောက်ဘက်ရှိ ဂိုဒေါင်ကြီးတစ်ခုမှာ ဇိမ်ခံကား အစီးရေ ၄၀ ကျော်ကို ပြသထားတယ်လို့ သိရပါတယ်။
Photo Credit- BBC News ယခင်ပုံဟောင်း