“ဆို့အောက်”ဇာတ်လမ်းတွဲထဲက သရုပ်ဆောင်သစ်လေး သံလွင်က အရမ်းရိုးသားပြီး ချစ်စရာကောင်းလို့ ပရိသတ်တွေ အသိအမှတ်ပြုပေးပါ၊ အားပေးကြပါ လို့ ပြောလိုက်တဲ့ ဦးဇော်ဝင်းနိုင်
———————-
“သရုပ်ဆောင်သစ်လေးဖြစ်တဲ့ သား သံလွင် ကိုလည်း ပရိသတ်တွေ အသိအမှတ်ပြုပေးပါ၊ အားပေးကြပါ။ အသစ်တွေရဲ့ သွားနေကျ မှားနေကျ လမ်းလိုပဲ သား သံလွင်လည်း မှားတာပေါ့နော်။ မှားပေမယ့် သူမှားတာက အင်မတန် ရိုးသားတယ်။ တချို့က ပထမတစ်ခါတော့ ရိုးရိုးသားသားနဲ့ မှားတယ်၊ ဒုတိယတစ်ခါကျတော့ လုပ်ကြံပြီး မှားတယ်။ မတူဘူးလေ။ ဒီကလေးက ပထမတစ်ခါ မှားတာလည်း ရိုးသားခြင်းပဲ၊ နောက်တစ်ခါ မှားတော့လည်း ရိုးသားခြင်းပဲ။ အဲ့ဒါလေးက အရမ်းချစ်ဖို့ ကောင်းပါတယ်။ တချို့ အမှားကို ဆန်းဆန်းပြားပြား မှားတတ်တဲ့သူတွေ ရှိတယ်။ ရိုးသားချင်ယောင်ဆောင်ပြီး အမှားဆန်းပစ်လိုက်တာပေါ့လေ။ ဒီကလေးက အဲ့ဒီလို မဟုတ်ဘူး။ အဲ့ဒါကိုက ချစ်ဖို့ကောင်းတယ်” – ဦးဇော်ဝင်းနိုင်(မန်း) “ဒီဇာတ်လမ်းတွဲမှာ ကျွန်တော်တို့ Entertainment က စင်တင်လိုက်တဲ့ Talent နှစ်ယောက်ပါတယ်။ ကျန်တာကတော့ အစ်မ နန်းဆုဦးနဲ့ ဝါရင့်သရုပ်ဆောင်ကြီးတွေ ပါကြတယ်ပေါ့။ ဇာတ်ကားလေးက လူ့သဘာဝမှာ မင်္ဂလာမဆောင်ခင် ဖြစ်လေ့ဖြစ်ထရှိတဲ့ Culture လေးတွေကို ရိုက်ပြထားတာပါ။ ဇာတ်လမ်းတွဲထဲမှာ ကျွန်တော်က ဂရပ်ဖစ်ဒီဇိုင်နာ ကောင်လေး ကာရိုက်တာပေါ့။ ကျွန်တော့်ထက် အသက် ဆယ်နှစ်လောက်ကြီးတဲ့ ကောင်မလေးကို ကြိုက်ပြီးတော့ မင်္ဂလာဆောင်ဖို့ စီစဉ်ချိန်မှာဖြစ်လာတဲ့ အလွဲလေးတွေကို ရိုက်ပြထားတာပါ” – သံလွင်
#MercuryVariety #MV #MercuryExclusiveInterview #UZawWinNaing #Thanlwin #Actors #Celebrity #ဆို့အောက် #ဇာတ်လမ်းတွဲ #သရုပ်ဆောင်သစ် #Yangon #Myanmar