ဂါနာနဲ့ အီဂျစ်တို့ တစ်ဖက် နှစ်ဂိုးစီ သရေကျခဲ့တဲ့ အာဖရိကနိုင်ငံများဖလားပွဲမှာ ဒဏ်ရာရသွားခဲ့တဲ့ အီဂျစ်တိုက်စစ်မှူး ဆာလားဟ်ရဲ့ဒဏ်ရာအခြေအနေက အရမ်းမပြင်းထန်တဲ့အတွက် စိတ်ပူစရာ မလိုပါဘူးလို့ အီဂျစ်ဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်လိုက်ပါတယ်။
ဆာလားဟ် ဟာ တံကောက်ကြောကြွက်သားဒဏ်ရာ ရသွားခဲ့တာဖြစ်ပြီး လတ်တလောမှာတော့ ဆေးကုသမှုခံယူကာ အနားယူနေရပါတယ်။
အစောပိုင်းက လီဗာပူးပရိသတ်တွေဟာ ဆာလားဟ်ရဲ့ဒဏ်ရာအခြေအနေဟာ ဆိုးရွားပြင်းထန်းမှာကို စိတ်ပူပန်နေခဲ့ကြပြီး အီဂျစ်ဘောလုံးအဖွဲ့ချုပ်ဘက်ကနေ ဒဏ်ရာ မပြင်းထန်ကြောင်း သတင်းအတည်ပြုချက်ထုတ်ပြန်မှသာ စိတ်အေးသွားရတယ်လို့ လီဗာပူးပရိသတ်တွေက မှတ်ချက်ပေးနေကြပါတယ်။
ဆာလားဟ် ဟာ ကိပ်ဗာဒီနဲ့ကစားရမယ့် အုပ်စုနောက်ဆုံးပွဲစဉ်နဲ့ နောက်တစ်ဆင့်ပွဲစဉ် တစ်ပွဲလောက်သာ လွဲချော်ဖို့ရှိပြီး အဲ့ဒါပြီးတာနဲ့တပြိုင်နက် အသင်းအတွက် ကြံ့ခိုင်မှုအပြည့်နဲ့ ပြန်လာနိုင်မှာဖြစ်ကြောင်း အီဂျစ်ဘောလုံးအဖွဲ့ချုပ်က အသိပေးထားပါတယ်။