Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ဆန်လှူမည့်သူများအတွက် ဆန်တစ်အိတ်ကို(၆) သောင်းမှအမြင့်ဆုံး(၁)သိန်းနှုန်းဖြင့်ရောင်းပေးနေ

—————————————-

၂၀၂၅ခုနှစ်၊ဧပြီလ၊(၉)ရက်

ငလျင်ဘေးသင့်ပြည်သူများအတွက် ဆန်လှူမယ့်သူ‌ တွေကို ဆန်တစ်အိတ်လျှင်(၆) သောင်းမှအမြင့်ဆုံး(၁)သိန်းနှုန်းဖြင့်ရောင်းပေးနေတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရပါတယ်။

Myanmar Expo Hall @ Fortune Plaza ရန်ကုန်မြို့မှာ မြန်မာနိုင်ငံ ဒီဂျစ်တယ်စီးပွားရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း MDEAမှ ကျင်းပတဲ့ကူဖို့ လှူဖို့ ဝယ်ယူစို့ ပွဲမှာဧပြီ(၉)ရက်ညနေပိုင်းအထိဝယ်ယူနိုင်မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ အကျိုးအမြတ်မယူသော ဈေးနှုန်းဖြင့် ဧရာဝတီပေါ်ဆန်းဆန် (၂၄)ပြည် တစ်အိတ်လျှင် (၁၀၀,၀၀၀) ကျပ်၊ (၁)ပြည်လျှင် (၄,၂၀၀) ကျပ်ဖြင့် လည်းကောင်း၊

ရက် (၉၀)ဆန် (၂၄)ပြည် တစ်အိတ်လျှင် (၇၀,၀၀၀) ကျပ်၊ (၁)ပြည်လျှင် (၂,၉၂၀) ကျပ်ဖြင့် လည်းကောင်း၊ ဧည့်မထဆန် (၂၄)ပြည် တစ်အိတ်လျှင် (၆၀,၀၀၀) ကျပ်၊ (၁)ပြည်လျှင် (၂,၅၀၀) ကျပ်နှုန်းဖြင့် လည်းကောင်း ပါဝင်ရောင်းချပေးလျက်ရှိတယ်လို့ သိရပါတယ်။

Photo Credit -မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်

#mercury#mercurynews#ပြည်တွင်းသတင်း#ဆန်စပါး#ကုန်ဈေးနှုန်း