Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ဆန်မပြတ်လတ်အောင် ဆန်ပို့ကုန်လုပ်ငန်းရှင်များက အရန်ဆန်အိတ်(၈)သိန်းပြင်ဆင်ထား

——————————————————————————-

၂၀၂၄ခုနှစ်၊နိုဝင်ဘာလ၊(၂၉)ရက်

ပြည်တွင်းဆန်မပြတ်‌အောင်ဆန်ပို့ကုန်လုပ်ငန်းရှင်တွေအနေနဲ့ ပို့ကုန်အခြေပြုအရန်ဆန်စနစ်မှာ အရန်ဆန်အိတ် (၈)သိန်းပြင်ဆင်ထားတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရပါတယ်။

အဲဒီ့လိုပြင်ဆင်ထားတဲ့အကြောင်းကိုနိုဝင်ဘာလ(၂၇)ရက်က မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အသင်းချုပ်ဥက္ကဌ ဦးရဲမင်း အောင်ကထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

ပြည်ပကို ဆန်တင်ပို့မှုExportဆန်တစ်တန်ပို့တိုင်းတစ်အိတ်နှုန်း ဆန်စပါးစင်တာမှာ ရှိတဲ့ Exportersတွေရဲ့ပူးပေါင်းမှုနဲ့ဆောင်ရွက်ထားတာဖြစ်တယ်လို့ဆိုပါတယ်။

အဲဒီ့အရန်ဆန်အိတ်(၈)သိန်းကို အထူးသဖြင့် စက်မှုဇုန်တွေ၊ကုမ္ပဏီတွေရဲ့ဝန်ထမ်း တွေ၊စက်ရုံအလုပ်ရုံတွေရဲ့ ဝန်ထမ်းတွေ၊အခြေခံပြည်သူတွေရဲ့ လိုအပ်ချက်ရှိလာရင် ဒီအရန်ဆန်ထဲကနေပြီးတော့ ထုတ်ရောင်းပေးမှာဖြစ်တယ်လို့ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ဥက္ကဌ ဦးရဲမင်းအောင်ရဲ့ပြောကြားချက်အရသိရပါတယ်။

ဓါတ်ပုံ-မူရင်းပိုင်ရှင်ကို creditပေးပါသည်။