ကော်သူးလေတပ်မတော် KTLA ခေါင်းဆောင် စောနယ်ဒါးမြ အပါအဝင် သူ့ရဲ့ဇနီးနဲ့ သူ့ရဲ့မိခင်တို့ ၃ ဦးကို ထိုင်းနိုင်ငံသားအဖြစ်ကနေ ပယ်ဖျက်လိုက်ပြီလို့ မဲဆောက်ခရိုင် အုပ်ချုပ်ရေးမှူးက ထုတ်ပြန်အသိပေးလိုက်ပါတယ်။
စောနယ်ဒါးမြဟာ မမှန်ကန်တဲ့နည်းလမ်းတွေနဲ့ တခြားသူရဲ့မှတ်ပုံတင်ကိုအသုံးပြုထားတာ စစ်ဆေးတွေ့ရှိရတဲ့အတွက် အခုလိုပဲ ထိုင်းနိုင်ငံသားအဖြစ်ကနေ ပယ်ဖျက်လိုက်တာဖြစ်တယ်လို့ မဲဆောက်မြို့နယ်အုပ်ချုပ်ရေးရုံးက အသိပေးထားပါတယ်။
စောနယ်ဒါးမြဟာ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌဟောင်း စောဘိုမြရဲ့သားဖြစ်ပြီး လူအစုလိုက်အပြုံလိုက် သ..—တ်ဖြတ်မှုကြောင့် KNDO စစ်ဦးစီးချုပ်ရာထူးကနေ ထုတ်ပယ်ခံခဲ့ရကာ ၂၀၂၂ ခုနှစ်အရောက်မှာတော့ သူက ကော်သူလေးတပ်မတော် KTLA ဖွဲစည်းခဲ့တာဖြစ်ပါတယ်။