—————————————
၂၀၂၅ခုနှစ်၊ဇန်နဝါရီ၊(၂၁)ရက်
စိုက်ပျိုး၊မွေးမြူရေးပညာတွေပိုမိုသင်ကြားပေးနိုင်ဖို့ နေပြည်တော်အပြင် မြန်မာပြည်အထက်ပိုင်းနဲ့ အောက်ပိုင်းတို့မှာပါတက္ကသိုလ်အသစ်တွေတိုးချဲ့ဖွင့်လှစ်သွားဖို့ရှိတယ်လို့ သိရပါတယ်။
နေပြည်တော်ရေဆင်းရှိ စိုက်ပျိုးရေးတက္ကသိုလ်နဲ့ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်တို့မှာစိုက်ပျိုး ရေးနဲ့မွေးမြူရေးဆိုင်ရာ ပညာရှင်တွေနှစ်စဉ် သင်ကြားမွေးထုတ်ပေးလျက်ရှိသော်လည်း လိုအပ်ချက်များရှိနေသေးတယ်လို့ ဆိုပါတယ်။
နိုင်ငံတော်အနေဖြင့် မြန်မာပြည်အထက်ပိုင်းနဲ့ အောက်ပိုင်းတို့မှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်တွေအသစ်ဖွင့်လှစ်ဖို့ လျာထားဆောင်ရွက်လျက်ရှိတယ်လို့စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်ကပြောကြား ထားတယ်လို့ သိရပါတယ်။