၂၀၂၄ ဩဂုတ်၈ရက်
စားအုန်းဆီတွေကိုဖုန်းဆက်ပြီးအိမ်အရောက်မှာယူဖို့အတွက် ဖုန်းနံပါတ်အသစ်တိုးချဲ့လက်ခံသွားမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ သိရပါတယ်။
အရင်ကCall Center ဖုန်းနံပါတ်ဖြစ်တဲ့ 012399222 (လိုင်းခွဲ-၇) အပြင်ထပ်မံတိုးချဲ့ပြီး ဦးစားပေးဖုန်းအမှတ် 09779778887 (လိုင်းခွဲ-၉)ခုနဲ့ ဆီအမှာစာများကို ဒီနေ့ (ဩဂုတ်၈ရက် )ကစတင်လက်ခံသွားမှာဖြစ်တယ်လို့ဆိုပါတယ်။
စားအုန်းဆီ အိမ်အရောက်ဖြန့်ဖြူးရောင်းချရာမှာ မှာယူသူများပြားတဲ့အတွက်Call Center ဖုန်းနံပါတ်တွေကို တိုးချဲ့ ပေးလိုက်တာဖြစ်တယ်လို့သိရပါတယ်။
ဖုန်းလက်ခံမယ့် ရက်တွေကတော့တနင်္လာနေ့မှ စနေနေ့အထိ(တနင်္ဂနွေနေ့နှင့်အစိုးရရုံးပိတ်ရက်မပါ) မနက်၉ နာရီမှ ညနေ ၄:၀၀ နာရီထိတိုးမြှင့်လက်ခံပေးသွားမှာဖြစ်တယ်လို့ဖော်ပြထားပါတယ်။
လက်ရှိမှာတော့ စားအုန်းဆီ ဝယ်ယူဖို့ နေ့စဉ်ဆက်သွယ်မှာယူတဲ့သူများပြားတာကြောင့်မှာယူသူ ပြည်သူအချို့မှာ ဖုန်းခေါ်ဆိုရာမှာ ခက်ခဲတာတွေနဲ့ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
စားအုန်းဆီ တွေကို အိမ်အရောက်ရောင်းချပေးတာကတော့ အိမ်ထောင်စုတစ်စုအတွက် တစ်လ တစ်ကြိမ် နှစ်ပိဿာနှုန်းနဲ့ ဇူလိုင် ၃၁ ရက်ကစတင်ပြီး ရောင်းပေးနေတာ ဖြစ်ပါတယ်။