Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

စားအုန်းဆီ ရည်ညွှန်းဈေးနှုန်းအနည်းငယ်တက် ၊တစ်ပိဿ(၇၂၈၀)ကျပ်ဖြင့်ရောင်းရန်သတ်မှတ်

———–

၂၀၂၄ခုနှစ်၊ဒီဇင်ဘာလ၊(၂၃)ရက်

အခုအပတ်မှာတော့ စားအုန်းဆီရည်ညွှန်းဈေးနှုန်းအနည်းငယ်တက်လာပြီးတစ်ပိဿ( ၇၂၈၀) ကျပ်ဖြင့်ရောင်းချဖို့ သတ်မှတ်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့အပတ်က စားအုန်းဆီတစ်ပိဿကို ရည်ညွှန်း‌ဈေး(၇၂၅၅)ကျပ်ရှိခဲ့ရာမှ အခုအပတ်မှာတော့ ဈေးနှုန်းတက်ပြီး တစ်ပိဿကို (၇၂၈၀)ကျပ်နဲ့ရောင်းချဖို့ သတ်မှတ်ပေးလိုက်ပါတယ်။

၂၀၂၄ခုနှစ်ဒီဇင်ဘာလ(၂၃)ရက်မှ ဒီဇင်ဘာလ(၃၀) ရက်အထိ စားအုန်းဆီတစ်ပိဿကို အခြေခံလက်ကားရည်ညွှန်းဈေး(၇၂၈၀)ကျပ်နဲ့ရောင်းချရမှာဖြစ်ပြီး ဈေးကစားဖို့ရည်ရွယ်ပြီး သိုလှောင်ထားပါက အရေးကြီးကုန်စည်နဲ့ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဓါတ်ပုံ-မူရင်းပိုင်ရှင်ကို creditပေးပါသည်။

#mercury#mercurynews#စားအုန်းဆီ#ပြည်တွင်းသတင်း