Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

စားအုန်းဆီ မှာယူသည့်ဖုန်းများ system error ဖြစ်ပွား၍ ဆက်သွယ်ရခက်ခဲခြင်းအပေါ်တောင်းပန်

၂၀၂၄ ဩဂုတ် ၁၀ရက်

စားအုန်းဆီတွေကို အိမ်တိုင်ရာရောက် Door to Door စနစ်နဲ့ မှာယူတဲ့ဖုန်းတွေ Technical Issue ကြောင့် ဆီမှာယူလို့မရခဲ့တဲ့အတွက် Blue Ocean Operation Management မှတောင်းပန်တယ်လို့ မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ တစ်ဆင့်ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။

ဖုန်းအဝင်ခေါ်ဆိုမှုတွေ ခန့်မှန်းထားတာထက်များစွာသော ခေါ်ဆိုမှုတွေရှိခဲ့တဲ့အတွက် သြဂုတ်လ(၆)ရက်မှ (၈)ရက် အတွင်းမှာ Technical Issue ဖြစ်ပေါ်ပြီးCall Centerစနစ် တွေနှေးကွေးတာ၊ ဖုန်းခေါ်ဆိုလာတဲ့ အသံတွေကြည်လင်ပြတ်သားစွာမကြားရတော့တာ၊ရံဖန်ရံခါ ဖုန်းလိုင်းတွေပြတ်တောက်သွားတာ၊ ဖုန်းခေါ်ဆိုရာမှာ စောင့်ဆိုင်းတာကြာမြင့်တာတွေဖြစ်ပေါ်ခဲ့တာတွေရှိတယ်လို့ ဆိုပါတယ်။

System အဆင့်မြှင့်တင်မှုတွေဆောင်ရွက်နေ‌System အဆင့်မြှင့်တင်နေချိန် သြဂုတ်လ(၉) ရက်မနက်(၉)နာရီမှသြဂုတ်လ(၁၀)ရက်မနက်(၁၀)နာရီအထိ Call Centerမှ ဖုန်းနံပါတ်တွေကို ဆက်သွယ်လို့မရသေးဘဲ သြဂုတ်လ(၁၀)ရက်နေ့ နေ့လည်ပိုင်းမှ ပြန်လည် ခေါ်ဆိုနိုင်မှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

စားအုန်းဆီတွေကို အိမ်အရောက်ပို့ Door to Door စနစ်နဲ့မှာယူလိုသူတွေအနေနဲ့ Call Centerဖုန်းတွေဖြစ်ကြတဲ့ (၀၁-၂၃၉၉၂၂၂)(လိုင်းခွဲ-၇)နဲ့ (၀၉-၇၇၉၇၇၈၈၈၇)(လိုင်းခွဲ-၉)တို့ကို မှာယူနိုင်ပြီး အများပြည်သူရုံးပိတ်ရက်နဲ့ တနင်္ဂနွေနေ့မှ အပကျန်ရက်တွေမှာ မှာယူနိုင်ပြီး တစ်ရက်ကို အော်ဒါ ၁၂၀၀ခန့် လက်ခံရောင်းချပေးသွားမှာဖြစ် တယ်လို့ သိရပါ တယ်။