၂၀၂၄ သြဂုတ်(၁၂)ရက်
ယခုတစ်ပတ် ရန်ကုန်အထိုင်စားအုန်းဆီရည်ညွှန်းဈေး ရာဂဏာန်းလောက်တက်လာပြီး တစ်ပိဿာကျပ် ၅၉၄၅နဲ့ရောင်းချဖို့ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီကထုတ်ပြန်လိုက်ပါတယ်။
ပြီးခဲ့တဲ့အပတ်က စားအုန်းဆီတစ်ပိဿာ ရန်ကုန်အထိုင်ရည်ညွှန်းလက်ကားဈေး ကျပ်၅၇၈၀ရှိရာမှ အခုအပတ်မှာတော့ စားအုန်းဆီတစ်ပိဿာရန်ကုန်အထိုင်ရည်ညွှန်းလက်ကားဈေးကျပ်၅၉၄၅ နဲ့သြဂုတ်လ (၁၂) ရက်မှ (၁၈ )ရက်အထိရောင်းချဖို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
မလေးရှားနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ FOB ဈေးနှုန်းတွေကို နေ့စဉ်စောင့်ကြည့်ပြီး သယ်ယူခ၊ ဘဏ်စရိတ်၊ အခွန်အခတွေ ထည့်သွင်းတွက်ချက်ပြီး ဈေးသတ် မှတ်တာဖြစ်တယ်လို့ဆိုပါတယ်။
ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားဖို့ ရည်ရွယ်ချက်နဲ့ သိုလှောင်ခြင်း အပါအဝင် မသမာတဲ့ လုပ်ဆောင်မှုတွေ ပြုလုပ်ရင် အရေးယူသွားမယ်လို့ စားအုန်းဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။