Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

စားဝတ်နေရေး အရမ်းခက်ခဲနေတဲ့ အိမ်ခြေ ၁၄၀ ရှိ ကျူးကျော်နေရာလေးအတွက် မွန်မြတ်အလှူဒါန

တောင်ဥက္ကလာ၊ ၁၅ ရပ်ကွက်ထဲက စားဝတ်နေရေးအရမ်းခက်ခဲနေတဲ့ အိမ်ခြေ ၁၄၀ ရှိ ကျူးကျော်နေရာလေးအတွက် မွန်မြတ်အလှူဒါန
——————
ဒီအလှူဒါနကို သရုပ်ဆောင် ကိုဘုန်းလျှံနဲ့ သူ့ရဲ့ဇနီး မမေတို့က သူတို့ရဲ့မိတ်ဆွေတွေဖြစ်တဲ့ ဂျပန်နိုင်ငံက နိုင်ငံခြားသားတွေနဲ့ပူးပေါင်းပြီး လှူဒါန်းခဲ့တာပါ။ အလှူဒါနပြုခဲ့တဲ့နေရာလေးကတော့ တောင်ဥက္ကလာပမြို့နယ်၊ ၁၅ ရပ်ကွက်ထဲမှာရှိတဲ့ ကျူးကျော်နေရာလေးတစ်ခု ဖြစ်ပါတယ်။ ဒီနေရာလေးမှာ အိမ်ခြေပေါင်း ၁၄၀ လောက်ရှိပြီး စားဝတ်နေရေး၊ နေရေးထိုင်ရေးက အရမ်းကို ခက်ခက်ခဲခဲဖြစ်နေတယ်လို့ သိရှိရပါတယ်။ သရုပ်ဆောင် ကိုဘုန်းလျှံနဲ့ သူ့ရဲ့ဇနီး မမေ၊ သူတို့ရဲ့မိတ်ဆွေ ဂျပန်နိုင်ငံက နိုင်ငံခြားသားတွေဟာ ပရဟိတ ကိုထွန်းမင်းနဲ့ချိတ်ဆက်ပြီး ဒီအလှူအတန်းလေးကို ပြုလုပ်ခဲ့တာပါ။ ကိုထွန်းမင်းက သူ့အနေနဲ့ နေရာအနှံ့သွားရောက်ပြီး ပရဟိတလုပ်ငန်းတွေ လုပ်ခဲ့ပေမယ့်လည်း ဒီနေရာလေးရှိတာကိုတော့ မသိခဲ့ကြောင်း ဖွင့်ဟဝန်ခံပါတယ်။ နောက်ပိုင်းရောက်ရင် ဒီနေရာလေးဆီ တစ်ခေါက်ပြန်လာပြီး သူတတ်နိုင်တာတွေကို လှူဒါန်းပေးသွားဖို့ အစီအစဉ်ရှိကြောင်းလည်း ကိုထွန်းမင်းက ပြောပြပါတယ်။ ကိုဘုန်းလျှံနဲ့ သူ့ရဲ့ဇနီး မမေတို့က သူတို့ရဲ့မိတ်ဆွေတွေဖြစ်တဲ့ ဂျပန်နိုင်ငံက နိုင်ငံခြားသားတွေနဲ့ပူးပေါင်းပြီး တောင်ဥက္ကလာ၊ ၁၅ ရပ်ကွက်ထဲက စားဝတ်နေရေးအရမ်းခက်ခဲနေတဲ့ အိမ်ခြေ ၁၄၀ ရှိ ကျူးကျော်နေရာလေးမှာ နေထိုင်သူအတွက် လှူဒါန်းခဲ့တဲ့ မွန်မြတ်အလှူဒါနလေးကို Mercury Variety ပရိသတ်တွေအတွက် တင်ဆက်ဖော်ပြပေးလိုက်ပါတယ်။
#MercuryVariety #MV #MercuryExclusiveInterview #ExclusiveInterview #အလှူဒါန #BhoneShan #MaMay #ဘုန်းလျှံ #မမေ #Japan #ဂျပန် #ပရဟိတ #ကိုထွန်းမင်း #SouthOkkalapa #တောင်ဥက္ကလာ #KoTunMinn #Yangon #Myanmar