—————————————————————————
၂၀၂၄ခုနှစ်၊ဒီဇင်ဘာလ၊(၂၄)ရက်
‘မေတ္တာနှောင်သီ ချစ်ကြိုးသီ’စာအုပ်နဲ့ ‘Match made in cloud’စာအုပ်တို့မှာ ညစ်ညမ်းစာတွေ ဖော်ပြပါရှိလို့ ပုံနှိပ်ထုတ်ဝေခွင့်ရုပ်သိမ်းပြီးတရားစွဲဆိုဖို့ရှိတယ်လို့ သိရပါတယ်။
အဲဒီ့စာအုပ်တွေမှာ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပါစည်းကမ်းချက်ကိုဖောက်ဖျက်ပြီး ဟီရိသြတ္တပ္ပကင်းသော၊မြန်မာ့လူ့အဖွဲ့အစည်းကလက်မခံသော၊လူငယ်တွေရဲ့တွေးခေါ်မြော်မြင်မှုနဲ့ ခံစားနားလည်မှုကိုလွဲမှားစေနိုင်သော ညစ်ညမ်းစာပေတွေပါရှိတဲ့အတွက်အရေးယူသွားမှာ ဖြစ်တယ် လို့ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ဒါကြောင့်မို့လို့ ပုံနှိပ်၊ထုတ်ဝေဖြန့်ချိခဲ့တဲ့ ဒေါ်ချိုဇင်သဲ(Maple စာအုပ်တိုက်)ကိုထုတ်ဝေခြင်း အသိအမှတ်ပြုလက်မှတ်ကိုရုပ်သိမ်းပြီး ပုံနှိပ်သူနဲ့ထုတ်ဝေသူတို့ကို ဥပဒေအရတရားစွဲဆိုအရေးယူ သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။