Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

စည်းကမ်းမလိုက်နာသည့် YBSယဉ်မောင်းများကို လိုင်စင်ပိတ်သိမ်းမည်

၂၀၂၅၊ဇန်နဝါရီလ၊၁၈ရက်

သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို မလိုက်နာတဲ့ YBS ယာဉ်မောင်းတွေကို ယာဉ်မောင်းစမတ်ကတ် ဖျက်သိမ်းတာအပြင် ကညန ယာဉ် မောင်းလိုင်စင်ကိုပါ အချိန်ကာလတစ်ခု သတ်မှတ်ပြီး ပိတ်သိမ်းအရေးယူဖို့ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ YRTC ဒုတိယ ဥက္ကဋ္ဌ ဦးချစ်ကိုကိုက ပြောပါတယ်။

ဇန်နဝါရီ ၁၆ ရက်ကပြုလုပ်တဲ့ YBS ယာဉ်မောင်းတွေကို အသိပညာပေး ဆွေးနွေးပွဲ အခမ်းအနားမှာပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါအပြင် YBS ယာဉ်မောင်းတွေအနေနဲ့ ခရီးသည်တွေ ဘေးအန္တရာယ်ကင်းကင်းနဲ့ လိုရာခရီးရောက်အောင် ပို့ဆောင်ပေးဖို့နဲ့ မတော်တဆမှုတွေလုံးဝမရှိစေဖို့ အဓိကတာဝန်ရှိတယ်လို့ ဆိုပါတယ်။

YBSယဉ်မောင်းတွေ အဓိက စည်းကမ်းမဲ့ မောင်းနှင်ရတဲ့ အကြောင်းရင်းက ပုတ်ပြတ်စနစ်နဲ့ လုယက်မောင်းနှင်ကြပြီး အခေါက်ရေများများ ရလိုစိတ်နဲ့ ကျော်တက်မောင်းနှင်လို့ မရရင် ဒေါသတွေထွက်ကာ ရန်လိုစိတ်နဲ့ ခရီးသည် တွေနဲ့ ယာဉ်မောင်းအချင်းချင်း မချေမငံ ဆက်ဆံတာတွေ၊ ခိုက်ရန်ဖြစ်ပွားတာတွေ၊ YBS ယာဉ်တွေ အချင်းချင်း ကျော်တက်မောင်းနှင်တာ၊ လမ်းပြောင်းပြန်မောင်းတာ၊ မီးနီဖြတ်မောင်းတာ၊ သတ်မှတ်ကီလိုထက် ပိုမောင်းတာ တွေကို YRTCကလုံးဝသက်ညှာမှုပေးမှာ မဟုတ်ဘူးလို့လည်း ဦးချစ်ကိုကိုက ပြောပါတယ်။

မူရင်းဓါတ်ပုံပိုင်ရှင်ကို Creditပေးပါသည်။

#mercury#mercurynews#ပြည်တွင်းသတင်း#YBS

May be an image of 2 people, people studying, dais and text