ယူကရိန်းသမ္မတဇီလင်စကီးဟာ စစ်ဦးစီးချုပ်ဖြစ်သူကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီလို့ သိရပါတယ်။
ဇီလင်စကီးက စစ်ဦးစီးချုပ်ကို ဒီလိုလုပ်မယ်ဆိုတာ ကြိုတင်သတင်းတွေထွက်ပေါ်နေခဲ့တာက အချိန်အတော် ကြာခဲ့ပါပြီ။ အခုတော့ အမှန်တကယ်ဖြစ်လာခဲ့တာပါ။
သူ့ဘက်က စစ်ဦးစီးချုပ်ကို ရာထူးကနေ ထုပယ်မယ့်အကြောင်းကို ယူကရိန်းသမ္မတဘက်က အိမ်ဖြူတော်ကို ကြိုတင်သတင်းပို့ခဲ့တယ်လို့လည်း သိရပါတယ်။
ဒါပေမယ့် ယူကရိန်းသမ္မတ ရာထူးထုတ်ပယ်လိုက်တဲ့ စစ်ဦးစီးချုပ် ဗယ်လာရီဟာ စစ်တပ်ထဲမှာ လေးစားခံရသူဖြစ်လို့ ဇီလင်စကီးရဲ့ ဆုံးဖြတ်ချက်အပေါ် မကျေနပ်သူတွေလည်းရှိတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။
ဗယ်လာရီရဲ့နေရာကို ကြည်းတပ်အကြီးအကဲဖြစ်သူ အိုလက်ခ်ဆန်ဒါက ဆက်ခံသွားမယ်လို့လည်း သိရှိရပါတယ်။