————————————
၂၀၂၄ခုနှစ်၊နိုဝင်ဘာလ၊(၇)ရက်
စစ်ကိုင်း-မန္တလေး-မုံရွာလမ်းမပေါ်မှာ NISSAN AD အမျိုးအစားယာဉ်(၁)စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရပါတယ်။
နိုဝင်ဘာလ(၇)ရက်၊(၁၂)နာရီ(၄၅)မိနစ်ခန့်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ယာဉ်ပေါ်ပါ ကျား(၂)ဦး၊ မ(၂)ဦးအနက် ကျား(၁)ဦး ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့ပါတယ်။
အဲဒီ့ဖြစ်စဉ်ကို စစ်ကိုင်းခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ စစ်ကိုင်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်စက်ယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အိုးဘိုလူမှုကူညီရေးအသင်းမှ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေထွက်ခွာဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။