Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

စစ်ကိုင်းတောင်ရိုးသို့ သွပ် ပြားများနှင့်မန္တလေး၊စစ်ကိုင်း ၊ကျောက်ဆည်ဒေသသို့ ကျပ်သိန်း(၇)သောင်း ခိုင်နှင်းဝေလှူမည်

——————————————————————————

၂၀၂၅ခုနှစ်၊ဧပြီလ၊(၂၁)ရက်

မန္တလေး၊စစ်ကိုင်း ၊ကျောက်ဆည်နဲ့လိုအပ်သောနေရာတွေကို ကျပ်သိန်း (၇)သောင်းနဲ့သိန်း(၅)ထောင်ပစ္စည်းတွေကို သရုပ်ဆောင်ခိုင်နှင်းဝေမှထပ်မံလှူဒါန်းဖို့ရှိတယ်လို့ သိရပါတယ်။

သရုပ်ဆောင်ခိုင်နှင်းဝေရဲ့ ခိုင်နှင်းဝေဖောင်ဒေးရှင်းအနေဖြင့် အလှူရှင်တွေလှူဒါန်းထားတဲ့ အလှူငွေနဲ့အလှူပစ္စည်းတွေကို

(၅) ကြိမ်မြောက် အလှူပစ္စည်းတွေလှူဒါန်းတဲ့အနေနဲ့ မန္တလေး၊စစ်ကိုင်း ၊ကျောက်ဆည် နှင့် လိုအပ်သောနေရာတွေကို ထပ်မံ ပို့ဆောင်လှုဒါန်းဖြစ်တယ်လို့ဆိုပါတယ်။

စစ်ကိုင်းတောင်ရိုးရှိ ဘုန်းတော်ကြီးကျောင်း နဲ့ သီလရှင်ကျောင်းတွေမှာ သီတင်းသုံးနေထိုင်ဖို့နဲ့ လိုအပ်သော နေရာများ အသုံးပြုနိုင်ရန် လှူဒါန်းထားတဲ့ သွပ်အချပ်ရေတွေကို ပေးပို့ဖြစ်တယ်လို့လည်း သိရပါတယ်။

#Mercury#mercurynews#ပြည်တွင်းသတင်း#အလှူ#ခိုင်နှင်းဝေ