—————————————-
၂၀၂၅ခုနှစ်၊ဇန်နဝါရီလ၊(၃)ရက်
စစ်ကိုင်းတိုင်း၊ဟုမ္မလင်းမြို့အနီးမှာ အင်အားရစ်(ခ်)တာစကေး(၄.၉) အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့တယ်လို့ မြေငလျင်ဌာနခွဲကသတင်းထုတ်ပြန်ပါတယ်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့၊ မနက်ပိုင်းမှာ တမူးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၉၂) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်းဟုမ္မလင်းမြို့မှာ အရှေ့ဘက် (၄၂) မိုင်ခန့်အကွာမှာ လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။
အခုလှုပ်ခတ်တဲ့ ငလျင်ဟာ၂၀၂၅ခုနှစ်မှာ ပထမဦးဆုံးလှုပ်ခတ်တဲ့ငလျင်ဖြစ်ပြီး ပြီးခဲ့တဲ့၂၀၂၄ခုနှစ်တုန်းကလည်း စစ်ကိုင်းတိုင်းအပါအဝင် ရှမ်းပြည်နယ်နဲ့ နိုင်ငံတဝှမ်းမှာ ငလျင်ငယ်တွေလှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
#Mercury#mercurynews#ပြည်တွင်းသတင်း#ငလျင်#စစ်ကိုင်းတိုင်းဒေသကြီး#ဟုမ္မလင်းမြို့