Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

စင်ကာပူနိုင်ငံတွင် ၃ လွှာကနေ ပြုတ်ကျခါနီး ကလေးငယ်ကို ကယ်ဆယ်ခဲ့သည့် မြန်မာနိုင်ငံသား ကိုစသူရအောင်နှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတို့ ဂုဏ်ပြုဆုချီးမြှင့်ခဲ့ရ

၂၀၂၄၊ အောက်တိုဘာလ ၂၆ရက်

စင်ကာပူနိုင်ငံမှာ ၃ လွှာတိုက်ခန်းအစွန်းပေါ်မှ ပြုတ်ကျခါနီး ကလေးငယ်ကို ကယ်ဆယ်ခဲ့သည့် မြန်မာနိုင်ငံသား ကိုစသူရအောင်နှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတို့ကို ဂုဏ်ပြုဆု ချီးမြှင့်လိုက်တယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၂၀ ရက်နေ့ နံနက် ၁၁ နာရီ ၅၀ မိနစ်အချိန်မှာ အလုပ်လုပ်နေကြတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ကားဆရာ Jahir နှင့် မြန်မာနိုင်ငံသား ဆေးသုတ်သမား ကိုစသူရအောင်တို့က သုံးလွှာ တိုက်ခန်း အစွန်းကနေ ပြုတ်ကျခါနီး ကလေးငယ်တစ်ဦးကို မြင်တွေ့ခဲ့ရတာကြောင့် ကားဆရာ Jahir က ကိုစသူရအောင်ကို ထမ်းပိုးကာကလေးငယ်ကို အချိန်မှီ ကယ်ဆယ်နိုင်ခဲ့တာဖြစ်ပါတယ်။

​အဲ့တာကြောင့်ဘဲ အောက်တိုဘာ ၂၅ ရက်နေ့မှာ စင်ကာပူအာဏာပိုင်တွေက ကလေးငယ်ကို ကယ်ဆယ်ခဲ့တဲ့ မြန်မာနိုင်ငံသား စသူရအောင်နှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံသား Jahir တို့ကို Singapore Civil Defense Force (SCDF) Community Lifesaver Award ချီးမြှင့်လိုက်တာလို့ သိရပါတယ်။

မူရင်းဓါတ်ပုံပိုင်ရှင်ကို အပြည့်အဝcreditပေးပါသည်။