Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

စက်သုံးဆီ ပြတ်လပ်မှု အကျပ်အတည်းကိုဖြေရှင်းဖို့ ဗဟိုဘဏ်က အမေရိကန်ကန်ဒေါ်လာ သန်းတစ်ရာ ပေးမည်

၂၀၂၄ခုနှစ်ဩဂုတ်လ(၁၅)ရက်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းရှင်တွေကို အမေရိကန်ဒေါ်လာ သန်း ၁၀၀ ပံ့ပိုးသွားမယ်လို့ ဩဂုတ်လ ၁၄ ရက်နေ့က ကြေညာပါတယ်။

စက်သုံးဆီပြတ်လပ်မှုဟာ အခုရက်ပိုင်းမှာပိုမိုဖြစ်ပေါ်လာပြီး ဆီရရှီဖို့အတွက် စက်သုံးဆီဆိုင်တွေရှေ့မှာ အချိန်ကြာမြှင့်စွာတန်းစီစောင့်ဆိုင်းနေရတာဖြစ်ပါတယ်၊

အဲ့ဒီနောက်မှာ ဗဟိုဘဏ်က အခုလို နိုင်ငံခြားငွေကြေးဈေးကွက်ကနေတစ်ဆင့် စက်သုံးဆီလုပ်ငန်းရှင်တွေကို ‌နိုင်ငံခြားငွေ ပံ့ပိုးပေးမယ်လို့ ထုတ်ပြန်တာဖြစ်ပါတယ်။

ပြည်တွင်းစက်သုံးဆီလက်ကျန်အခြေအနေနဲ့ ပြည်ပကနေဝင်ရောက်လာမယ့် ဆီတင်သင်္ဘောများ၏ အခြေအနေအရစက်သုံးဆီပြတ်လပ်နိုင်ခြင်းမရှိဘူးလို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှကသတင်းထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းရှင်တွေကို အမေရိကန်ဒေါ်လာ သန်း ၁၀၀ ပံ့ပိုးသွားမယ်လို့ ပြောပေမယ်ဘယ်လိုပုံစံမျိုးနဲ့ ပံ့ပိုးပေးသွားမယ် ဆိုတာကိုတော့ အတိအကျ ထုတ်ပြန်ထားခြင်း မရှိသေးဘူးလို့ သိရပါတယ်။