ဩဂုတ်၃ရက်
ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များတွင် စက်သုံးဆီရောင်းချဖြန့်ဖြူးမှု အဆင်မပြေဖြစ်နေရခြင်းကိုလာမည့်ရက်ပိုင်းအတွင်းဖြေရှင်းပေးနိုင်တော့မှာဖြစ်ကြောင်း မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းကထုတ်ပြန်လိုက်ပါတယ်။
ပြည်ပမှဆီသင်္ဘောများလည်းလုံလုံလောက်လောက်ရောက်ရှိနေပြီဖြစ်တာကြောင့်ရောင်းချဖြန့်ဖြူးမှုတွေမှာယခင်ကထက် အဆင်ပြေပြေရောင်းချပေးနိုင်တော့မည်ဖြစ်ပြီးသတင်းမှားများကြောင့် မလိုအပ်ဘဲဝယ်လိုအား မတန်တဆ များလာခြင်းကိုလည်းကိုင်တွယ်နိုင်နေပြီလို့လည်းသိရပါတယ်။
ရန်ကုန်တိုင်းအတွင်း စက်သုံးဆီလိုအပ်ချက် မှာ မ၂၀၂၄ခုနှစ်တွင်ယခင်နှစ်များထက် ပိုမိုများပြား လာတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
တိုင်းနှင့်ပြည်နယ်အများစုမှာ စက်သုံးဆီပြတ်လပ်မှုကိုရင်ဆိုင်ကြုံတွေ့နေရပြီး အချို့နေရာများတွင် စက်သုံးဆီရရှိဖို့အတွက်အချိန်ကြာမြင့်စွာစောင့်ဆိုင်းနေရသည့်အထိဖြစ်ပေါ်နေပါတယ်။
*မူရင်းဓါတ်ပုံပိုင်ရှင်ကိုအပြည့်အဝ credit ပေးပါသည်။
#mercury #mercurymedia #Localnews #စက်သုံးဆီ #ပြည်တွင်းသတင်း