၂၀၂၅၊ဧပြီလ၊၁၂ရက်
မတ်လ၂၈ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားကြီးငလျင်ကြောင့် နိုင်ငံတဝန်းမှာသေဆုံးသူ စုစုပေါင်း ၃,၆၈၉ ဦးအထိရှိလာပြီလို့ နစက က ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ထိခိုက်ဒဏ်ရာရသူ အရေအတွက်ဟာ လူပေါင်း ၅,၀၂၀ ဦးအထိရှိလာသလို ပျောက်ဆုံးနေသေးတဲ့ လူအရေအတွက်ဟာလည်း ၁၃၉ ဦးအထိ ရှိနေဆဲဖြစ်ပါတယ်။
မြန်မာနိုင်ငံတစ်ဝန်းလုံးမှာလည်း ငလျင်ဒဏ်ကြောင့် အဆောက်အဦးပေါင်း သိန်းချီထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့ သိရှိရပါတယ်။