Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ငလျင်ဒဏ်သင့်ပြည်သူများအတွက် ဆီအသင်းမှစားအုန်းဆီဗူးများ လှူဒါန်း

————————————-

၂၀၂၅ခုနှစ်၊ဧပြီလ၊(၁၀)ရက်

မန္တလေး၊စစ်ကိုင်းအပြင် ရှမ်းပြည်နယ်အင်းလေးမှ ငလျင်ဒဏ်သင့်ပြည်သူ ‌‌တွေအတွက် စားအုန်းဆီနဲ့ အလှူပစ္စည်းများကို မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းမှသိရပါတယ်။

အခုရက်ပိုင်းမှာပဲရှမ်းပြည်နယ် အင်းလေးဒေသရှိ ငလျင်ဒဏ်သင့်ပြည်သူများ လက်ဝယ်အရောက် ဆီဗူး၊ခေါက်ဆွဲခြောက် ၊ Royal-D ၊ ရေသန့်တို့ကို အသီးသီးပေးအပ် လှူဒါန်းခဲ့တယ်လို့‌ဆိုပါတယ်။

မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းရဲ့ ငလျင်ဒဏ်သင့် ပြည်သူတွေအတွက် လှူဒါန်းနိုင်ရေးကော်မတီဝင်များ ၊ မန္တလေးမြို့သို့ ရောက်ရှိစဥ် မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တာဝန်ရှိသူများထံ ငလျင်ဒဏ်သင့် ပြည်သူများအတွက် ဆီ ၅၀ သားဘူး (6000) ၊ ရေသန့်ဘူး (6000) ၊ ငွေကျပ် သိန်း (270) တို့နဲ့စံချိန်ဆီစက် မိသားစုမှ မြေပဲဆီ အပါအဝင် ပစ္စည်း(၂၇) မျိုး အပါ စက္ကူဗူး (၅၀၀) ၊ Royal-D ကဒ် (၅၀၀) ၊ ၅၀ သား ဆီဗူး (၆၀၀) ၊ ငွေကျပ် သိန်း(၅၂၉) သိန်း တို့ကိုလည်း ပေးအပ် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

မှုရင်းဓါတ်ပုံပိုင်ရှင်ကို credit ပေးပါသည်။

#mercury#mercurynews#ငလျင်#ဆီအသင်း#ပြည်တွင်းသတင်း