ငလျင်ဒဏ်ကို ဆိုးဆိုးဝါးဝါးခံစားခဲ့ရတဲ့ ဒေသတွေဖြစ်တဲ့ စစ်ကိုင်း၊မန္တလေး၊နေပြည်တော်၊အင်းဝ၊တောင်ငူမြို့တွေမှာ မိုးများနိုင်တာကြောင့် သတိထားဖို့လိုအပ်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
ဧပြီ ၁၁ ရက် မနက် ၈ နာရီ ဝန်းကျင်ထုတ်ပြန်ချက်အရ စစ်ကိုင်း၊မန္တလေးအပါအဝင် တိုင်းနဲ့ပြည်နယ်အများစုမှာ မိုးများဖို့ရှိနေပြီး ရွာရန်ရာနှုန်း ၈၀ရှိတယ်လို့ သိရပါတယ်။
ယနေ့ညနေအထိ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်မှာ နေရာကျဲကျဲ၊ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ နေရာကွက်ကျား မိုးထစ်ချုန်းရွှာနိုင်ပါတယ်။
ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ မိုးတိမ်တောင်တွေဖြစ်ထွန်းနေတာကြောင့် မိုးရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာနဲ့ မိုးသီးကြွေတာတွေနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်သတိပေးထားပါတယ်။
ဓါတ်ပုံ-မှုရင်းဓါတ်ပုံပိုင်ရှင်များကို Credit ပေးပါသည်။
#mercury#mercurynews#မိုးလေ၀သ#မြန်မာ#ငလျင်