ငလျင်ဘေးသင့်ဒေသတွေဖြစ်ပြီးကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်နေရတဲ့
မန္တလေး၊စစ်ကိုင်း၊နေပြည်တော်မြို့တွေမှာ ယနေ့ညနေပိုင်းအထိ မိုးရွာနိုင်ခြေရှိတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ပါတယ်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်မှာ မိုးထစ်ချုန်းကာ နေရာကွက်ကျား မိုးရွာနိုင်ပြီး ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါတယ်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်မှာတော့ မိုးထစ်ချုန်းကာ မိုးတစ်ကြိမ်၊ နှစ်ကြိမ်ရွာနိုင်ပြီး ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါတယ်။
မန္တလေး၊စစ်ကိုင်းနဲ့ အနီးတစ်ဝိုက်မှာတော့ မိုးထစ်ချုန်းကာ နေရာကွက်ကျား မိုးရွာနိုင်ပြီး ရွာရန်ရာနှုန်း ၈၀ ဖြစ်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက အသီးသီးထုတ်ပြန်ထားပါတယ်။
မှုရင်းဓါတ်ပုံပိုင်ရှင်များကို credit ပေးပါသည်။
#mercury#mercurynews#မိုးလေ၀သ#ပြည်တွင်းသတင်း