—————————-
ဘန်ဒေါင်း ၊ ဇန်နဝါရီ ၅
အင်ဒိုနီးရှားနိုင်ငံ၊ ဂျာဗားကျွန်းမှာ ဇန်နဝါရီ ၅ ရက်နေ့က ရထားနှစ်စင်းတိုက်မိတဲ့အတွက်ကြောင့် လူ ၃ဦးကွယ် လွန်ပြီး ၂၈ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
အနောက်ဂျာဗားပြည်နယ်၊ ချီကလန်ခါအနီးမှာရှိတဲ့ စပါးခင်းတွေအနီးမှာ ဒေသစံတော်ချိန် နံနက် ၆ နာရီ ၃ မိနစ်က ဖြစ်ပွားခဲ့ပြီး ရထားတွဲအများအပြား တိမ်းမှောက်ခဲ့တယ်လို့ ဆိုပါတယ်။
ဂျာဗားအရှေ့ပိုင်း၊ ဆူရာဗာရကနေ ဘန်ဒေါင်းကို ပြေးဆွဲနေတဲ့ တူရန်ဂါရထားနဲ့ ဒေသန္တရရထားတို့ တိုက်မိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
တူရန်ဂါရထားဟာ ခရီးသည် ၂၈၇ ဦး တင်ဆောင်ခဲ့ပြီး ဒဏ်ရာရသူတွေကိုဒေသတွင်း ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ခရီးသည်အားလုံးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Ibrahim Tompo က ပြောကြားခဲ့ပါတယ်။