၂၀၂၄ ဩဂုတ်(၉)ရက်
ဂျပန်ရောက်မြန်မာများ ဒေသအာဏာပိုင်တွေရဲ့ငလျင်သတိပေးချက်တွေကိုလိုက်နာဆောင်ရွက်ဖို့ တို ကျိုမြို့ရှိမြန်မာသံရုံးထုတ်ပြန်လိုက်ပါတယ်။
ဩဂုတ်လ(၈)ရက်နေ့ကဂျပန်နိုင်ငံတောင်ပိုင်း၊ Kyushu ကျွန်းအနီး၊ Hyuganada Sea ကို ဗဟိုပြုပြီး ဂျပန်မှာ ပြင်းအားအဆင့် (၇.၁) ရှိတဲ့ငလျင်တစ်ခုလှုပ်ခက်ပြီးနောက်သတိပေးချက်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
ငလျင်လှုပ်ခက်ရာဒေသမှာ နေထိုင်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသား တွေအနေနဲ့ ဒေသအာဏာပိုင်တွေရဲ့ထုတ်ပြန်ချက် တွေကို အထူးအလေးထားလိုက်နာသွားဖို့ ၊အစားအသောက်နဲ့အလုပ်အကိုင်ဆိုင်ရာ အကူအညီလိုအပ်ပါက သံရုံးရဲ့Hot Line ဖုန်းနံပါတ် 070-4413-7383 သို့ ဆက်သွယ်နိုင်တယ်လို့ ဂျပန်သံရုံးကအသိပေးထုတ်ပြန်ထားပါတယ်။