Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ဂျပန်ဘာသာစာမေးပွဲ JLPTဖြေမည့်သူများအချက် အလက်မှန်အောင်ပြင်ဆင်နိုင်

—————————————————————————

၂၀၂၄ခုနှစ်၊နိုဝင်ဘာလ၊(၂၆)ရက်

ဂျပန်ဘာသာစာမေးပွဲ JLPTဖြေမယ့်သူတွေအနေနဲ့ မိမိတို့ရဲ့နာမည်၊မွေးသက္က ရာဇ်နဲ့ ကျား/မစတဲ့အချက် အလက်တွေမှန်အောင် ဒီဇင်ဘာလ(၁)ရက်မှာ ပြင်ဆင်နိုင်တယ်လို့ မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း၊JLPT စာမေးပွဲကျင်းပရေးကော်မတီ ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

အမှားပြင်ဆင်တာကို စာမေးပွဲဖြေဆိုတဲ့နေ့ ဒီဇင်ဘာလ(၁)ရက်မှာသာ လက်ခံမှာဖြစ်ပြီး အောင်လက်မှတ်ထွက်ရှိမယ့်ကာလအထိ အမှားပြင်ဆင်ခြင်းလျှောက်ထားမှုအား လက်မ ခံဘူးလို့ ထုတ်ပြန်ချက်ဖော်ပြထားပါတယ်။

အောင်လက်မှတ်ထွက်ရှိပြီးနောက်ပိုင်းမှ အမှားပြင်ဆင်ဖို့ လျှောက်ထားသူတွေဟာ ပြင်ဆင်ခြင်းအတွက် (၂)လမှ (၆)လအထိ ကြာမြင့်မှာဖြစ်ပြီး၊

အမှားပြင်ဆင်ခြင်းလျှောက်ထားသူဦးရေများပြားတဲ့အပေါ်မှာ မူတည်ပြီး ပိုမိုကြာမြင့် ခြင်းရှိနိုင်တယ်လို့ ကြိုတင်အသိပေးထားပါတယ်။

အောင်လက်မှတ်တစ်ခုကို တကြိမ်သာ ပြန်လည်ပြင်ဆင်ဖို့ လျှောက်ထားနိုင်ပြီး လျှောက်ထားတဲ့ အခါမှာလည်း စာမေးပွဲနေ့မှစတင်လို့ တစ်နှစ်အတွင်းအကြုံးဝင်တဲ့ အောင်လက်မှတ်တွေသာ ပြင်ဆင်ခွင့်ရှိတဲ့အတွက် ပြင်ဆင်လိုတာတွေကို သေချာစွာ စစ်ဆေးလျှောက်ထားရန် လိုအပ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

Photo Credit -မူရင်းပိုင်ရှင်ကိုအပြည့်အဝပေးပါတယ်