၂၀၂၄ ဩဂုတ်လ ၁၄ရက်
ဂျပန်နိုင်ငံဝန်ကြီးချုပ် ဖူမီအိုခီရှီဒါ ဟာ နောက်လမှာလက်ရှိရာထူးကနေနုတ်ထွက်တော့မှာဖြစ်တယ်လို့ CNAသတင်းဌာနမှာဖော်ပြထားပါတယ်။
ဖူမီအိုခီရှီဒါ ဉီးဆောင်တဲ့လစ်ဘရယ်ဒီမိုကရက်တစ်ပါတီရဲ့ရန်ပုံငွေအရှုပ်အရှင်း ပြဿနာတွေကြောင့် လူထုထောက်ခံမှုကျဆင်းလာချိန်မှာ ဂျပန်ဝန်ကြီးချုပ်က အခုလို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
ဒါ့အပြင် ဖူမီအိုခီရှီဒါ ဟာ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဋ္ဌရွေးချယ်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်တော့မှာမဟုတ်ဘူးလို့လည်းသိရပါတယ်။