Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံအတွက် ဒေါ်လာ(၅)သိန်းနီးပါးတန်ဖိုးရှိဆေးဝါးနှင့်ဆေးလုပ်ငန်းသုံးဆက်စပ် ပစ္စည်းများလှူဒါန်းပေးအပ်

—————————————————————————————————

၂၀၂၄ခုနှစ်၊စက်တင်ဘာလ၊(၂)ရက်

ဂျပန်နိုင်ငံအခြေစိုက် ingo PEACE.မှ မြန်မာနိုင်ငံအတွက် ဒေါ်လာ(၅)သိန်းနီးပါးတန်ဖိုးရှိတဲ့ ဆေးဝါးတွေနဲ့ ဆေးလုပ်ငန်းသုံးဆက်စပ်ပစ္စည်းတွေကို လှူဒါန်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံကြက်ခြေနီ အသင်းမှ ဆောင်ရွက်လျက်ရှိတဲ့ လူမှုကရုဏာလုပ်ငန်းတွေမှာ အသုံးပြုဖို့ လွှဲပြောင်းပေးအပ်ခဲ့တာဖြစ်ပါတယ်။

ဂျပန်နိုင်ငံအခြေစိုက် ingo PEACE. မှ S.M. NAZRUL ISLAM က USD 470,307.23 တန်ဖိုးရှိ ဆေးဝါးတွေနဲ့ဆေးလုပ်ငန်းသုံးဆက်စပ်ပစ္စည်းတွေကို လွှဲပြောင်း ပေးအပ်လှူဒါန်းခဲ့ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ပါမောက္ခ ဒေါက်တာမျိုးညွန့်က ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါတယ်။

ဆေးဝါးတွေနဲ့ ဆေးလုပ်ငန်းသုံးဆက်စပ်ပစ္စည်းတွေကို လှူဒါန်းပေးအပ်ပွဲအခမ်းအနားကို စက်တင်ဘာလ(၁)ရက်နေ့ နေ့လယ်ပိုင်းက ရန်ကုန်မြို့ရှိ Chatrium Hotel မှာကျင်းပခဲ့တယ်လို့ သိရပါတယ်။